အပိုင်း (၁၅၀) ဆရာ....

759 96 1
                                    

အပိုင်း (၁၅၀) ဆရာ....

ကုချင်းယွီသည်  မဲ့ရွဲ့လိုက်ပြီး အီးမေးလ်တစ်စောင် ပို့လိုက်လေသည်။ ကုချင်းယွီသည် ဝေ့ပေါ်ပေါ်တွင် ချက်ချင်လိုပင် ရှာဖွေမှုအများဆုံး ဖြစ်သွားပြန်သည်။

သို့သော် ထိုအခိုက်တွင် ကုချင်းယွီသည် မုရွှမ်ချင်၏အိမ်သို့ ရောက်နေပြီးဖြစ်၏။ မုရွှမ်ချင်သည် ကုချင်းယွီ ကော့တေးလ်ပါတီတွင် ဘာဖြစ်ခဲ့မှန်းမသိချေ။ သူမ သန့်စင်ခန်းထဲဝင်သွားချိန်မှ ချန်ရန် သူ့ကို ပေးလာသည့်ဖုန်း စခရင်ပေါ်တွင် ချန်းမိသားစု၏သခင်လေးက သူမ၏လက်ကို ဖမ်းဆုပ်ထားသည့်ပုံကို တွေ့လိုက်ရတော့သည်...

သူ့မျက်လုံးများ ကျဥ်းမြောင်းသွား၏။

ကုချင်းယွီက သန့်စင်ခန်းမှ ထွက်လာသည်နှင့် မုရွှမ်ချင်က သူမ၏မျက်နှာကို စိုက်ကြည့်နေတော့သည်။

မဟုတ်ဘူး။ အတိအကျပြောရရင် ငါလေးရဲ့မျက်နှာကို စိုက်ကြည့်နေတာမဟုတ်ဘူး ဒါပေမဲ့.....

ငါလေးရဲ့...လက်ကိုလား။

သူမ အနည်းငယ်ဇဝေဇဝါဖြစ်နေတုန်း မုရွှမ်ချင်က သူမထံလျှောက်လာပြီး သူမ၏လက်ကို ကိုင်လိုက်ကာ နီရဲနေသေးသည့် လက်ကောက်ကို ဝတ်ကိုကြည့်ရင်း သူ့မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည်...

“ ဒီလိုလုပ်ခဲ့တဲ့ အဲကောင်ရဲ့နာမည်က ချန်းဟောက်ယွီ လား”

သူအသံမှာ ခံစားချက်မဲ့နေပြီး အလွန်တည်ငြိမ်နေဟန်တူသော်လည်း ထိုအချိန်လေးတွင် ကုချင်းယွီ သူ့ဒေါသကို ခံစားနိုင်လေသည်။

ထိုလူနာမည်မှာ ချန်းဟောက်ယွီမှန်း သူမပင်မသိချေ။ သို့သော် သူမ သိသည်က ....

“ဆရာ ရှင်အရမ်းချစ်ဖို့ကောင်းတာပဲ”

သူမရှေ့က ယောက်ျားကို စိုက်ကြည့်ရင်း အသာအယာရယ်မောလိုက်၏။ ထို့နောက် သူက ကြိုတင်ပြင်ဆင်ထားသည့် အရပ်ပြန်ပုလင်းတစ်ခုကို ထုတ်ယူလိုက်ကာ သူမ၏လက်ကို ကိုင်လိုက်ပြီး ထိုနေရာကို ဖြည်းဖြည်းချင်း သုတ်ပေးလိုက်လေသည်။ သူသည် ချန်းဟောက်ယွီဟူသည့် ထိုလူ၏နာမည်ကို ဘာမှမကျန်အောင် သုတ်ပစ်ချင်နေသည့်နှယ်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now