အပိုင်း ( ၁၃၉) သူမရဲ့အဖွဲ့

592 71 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၃၉) သူမရဲ့အဖွဲ့

ကျွမ်းစစ်ရိ တွေးနေသည့်အရာကို ကုချင်းယွီ နားလည်လိုက်လေသည်။ အချိန်တိုအတွင်း ပြီးအောင် လုပ်ထားရသဖြင့် anime အရည်အသွေးက အလွန်သာမန်မျှသာ ဖြစ်လိမ့်မည်ဟု တွေးနေပေလိမ့်မည်။ သို့သော် သူမ အလျင်မလိုချေ။ မည်သို့ပင်ဖြစ်စေ အပြီးသတ်ထားသည့်ရုပ်ရှင်ကို သူမြင်လိုက်သည်နှင့် နားလည်သွားပေလိမ့်မည်။

ကျွမ်းစစ်ရိ ငေးကြည့်လိုက်ပြီး

“ အင်း ကြည့်ဖူးတာပေါ့...”

ဆယ်မိနစ်စာ animeက သူ့ကို အရမ်းအံ့ဩသွားစေတာလေ။ ပြီးတော့ သူ့အထူးပြုလုပ်ချက် အသင်းကတောင် ဒီanimeကိုလုပ်တဲ့ ပညာရှင်တွေကို ငှားချင်နေတာ။ ဒါပေမဲ့ ဖေးဖေးစတူဒီယိုနဲ့ ဆက်သွယ်ရမဲ့ တစ်ခုတည်းသော နည်းလမ်းက K station ဝက်ဘ်ဆိုက်ကနေတဆင့် သွားရတာလေ။ သူတို့တွေ ပြီးခဲ့ရက်ပိုင်းက ဖေးဖေးစတူဒီယိုကို သီးသန့်စာတွေ အများကြီးပို့ခဲ့ပေမဲ့ သတင်းပြန်မကြားခဲ့ဘူး။

နှမြောစရာကောင်းတယ်လို့ တွေးခဲ့တာပေါ့။ ဒါပေမဲ့ ဒါက နိုင်ငံထဲက ကုမ္ပဏီကြီးတွေထဲကတစ်ခု ပိုင်တဲ့ စတူဒီယိုဖြစ်မယ်လို့လည်း တွေးခဲ့သေးတယ်။ အဲလိုမှမဟုတ်ရင် အရမ်းကို ပညာရှင်ဆန်ဆန်နဲ့ ရုတ်တရက် ပေါ်လာပြီးတော့မှ ဘယ်သူနဲ့မှလက်တွဲမလုပ်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ သည်လိုအရည်အချင်းရှိသည့်အဖွဲ့တစ်ခုနှင့် ကုမ္ပဏီကြီးတော်တော်များများက လက်တွဲလုပ်ချင်နေကြမှန်း ကျွမ်းစစ်ရိ စဥ်းစားနေရန်ပင်မလိုချေ။

ဒါပေမဲ့ ကုချင်းယွီက ဘာလို့ အဲဒါကို မေးတာလဲ။

သူ ခဏလောက် စဥ်းစားလိုက်ပြီး တစ်ခုခုကို အတွးပေါက်သွားသကဲ့သို့ သူ့မျက်လုံးများ အဝိုင်းသား ဖြစ်သွားတော့သည်။

“ ဂျူနီယာညီမလေး အဲဒီဖေးဖေး စတူဒီယိုက .....”

ကုချင်းယွီက ခေါင်းညိတ်ပြလိုက်၏။

“ ဟုတ်တယ် အဲဒါ ကျွန်မရဲ့စတူဒီယိုလေ”

သူမတစ်ယောက်ထဲ လုပ်ခဲ့သည်ဟု ပြောလျှင် လုံးဝယုံကြည်နိုင်ဖွယ်ရာမရှိသလို၊ ကျွမ်းစစ်ရိကလည်း ယုံလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူမ သိုသိုသိပ်သိပ်နေချင်သေးသည်။ ရုပ်ရှင်တစ်ခုလုံးကို သူမကိုယ်တိုင် လုပ်ခဲ့ကြောင်း တခြားသူများကိုလည်း မသိစေချင်ပေ။ သို့နှင့် သူမ၏အဖွဲ့က ဖန်တီးခဲ့တာဖြစ်ပြီး ‘ဖေးဖေးစွန့်စားခန်း’ကို K Stationတွင် တင်ဖို့ကိုတော့ သူမက ဆုံးဖြတ်ခဲ့ပြီး အကောင့်နာမည်ကလည်း ဖေးဖေးစတူဒီယိုဖြစ်သွားကြောင်း ပြောပြလိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now