အပိုင်း ( ၇၇) စီးပွားရေးလုပ်ငန်းက လူတိုင်းအတွက် မမျှတဘူးတဲ့လား

1.4K 156 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၇၇) စီးပွားရေးလုပ်ငန်းက လူတိုင်းအတွက် မမျှတဘူးတဲ့လား

ဒီသမီးဖြစ်သူကတော့ တကယ်ပါပဲ....

သူမ တွေးသမျှအားလုံးက အချစ်နဲ့ ယောက်ျားအကြောင်းပဲ ၊ သူ့အဖေတောင် မပါဘူး။

ကုဝမ်ချန်၏စိတ်ထဲက ဒေါသသည် သူ့အား လွှမ်းမိုးသွားတော့ မတတ်ဖြစ်နေသော်လည်း ထုတ်မပြနိုင်ခဲ့ချေ။ သူမ သိသွားပြီး တွမ့်ရှင်းယွမ်နှင့် မနေချင်တော့ပါဘူးဟု ပြောလျှင် သူကြိုးစားထားသမျှအားလုံးက အလကား ဖြစ်ချေတော့မည်။

သူသည် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး

“ ချင်းယွီရယ် အဖေ သမီးကို ဘယ်လိုပြုစုပျိုးထောင်လာခဲ့လဲ၊ စီးပွားရေးဆိုတာ လူတိုင်းအတွက် မျှတတာမျိုး မဟုတ်ဘူးလေ၊ အဖေတို့တွေက တခြားသူတွေကို ဘယ်လိုသည်းခံပြီး ဘယ်လိုစဥ်းစားပေးရမယ်ဆိုတာကိုလည်း သိဖို့လိုတယ်...”

သူ့စကားလုံးများသည် သူ့အတွေးကို လုံးဝ ထင်ဟပ်နေလေသည်။

သူသည် ဒါကို စီးပွားရေးတစ်ခုဟုသာ တွေးလေသည်။

သို့သော် ခံစားချက်များက စီးပွားရေးနှင့် တူပါမည်လား။

သို့သော် လက်ရှိတွင်တော့ သူမ သဘောမတူလျှင် ကုဝမ်ချန်က သူမ၏ဘဝကို လွယ်လွယ်ဖြတ်သန်းခွင့် ပြုမှာမဟုတ်တာ သေချာသည်။ သူမကို သေချာပေါက် ပြဿနာရှာပေလိမ့်မည်။ ထို့ကြောင့် ကုချင်းယွီသည် မျက်လွှာချထားကာ နားလည်ချင်ဟန်ဆောင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တော့သည်။

“ သမီးနားလည်ပါပြီ အဖေ...”

ကုဝမ်ချန်သည် ကျေနပ်သွားကာ ခေါင်းညိတ်လိုက်ပြီး သူမ၏ဆံပင်ကို သပ်လိုက်ကာ

“လိမ္မာတဲ့ကလေး၊ သမီးက လိမ္မာတဲ့ကလေးမှန်း အဖေသိပါတယ်... ကျောင်းလဲ ဖွင့်တော့မယ်၊ ဒီညစောစော အိပ်တော့နော် ဘာမှ မတွေးနဲ့တော့၊ သမီးရဲ့ အစ်ကိုရှင်းယွမ်က နောက်ပိုင်း ဒီလို လာနိုင်မှာမဟုတ်သေးဘူး၊ ဒီတော့ သမီးစိတ်ကို ပြင်ဆင်ထားရမယ်....”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now