အပိုင်း (၈၃) ကုချင်းယွီနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း

1.4K 164 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၈၃) ကုချင်းယွီနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း

တွမ့်ရှင်းယွမ်သည် မုမိသားစု၏မြင်ကွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။

မုမိသားစုခေါင်းဆောင်မှာ အကြီးဆုံးဘကြီး မုရွှမ်လင်ဖြစ်သဖြင့် မိသားစုထဲတွင် မုအိုက်အဖေ၏ နေရာသည် သာမန်မျှသာဖြစ်သည်။ သူမ၏အဖေ မုရွှမ်ယန်သည် မုမိသားစု၏ ကုမ္ပဏီငယ်တစ်ခုကိုသာ တာဝန်ယူရပြီး ‘ဆရာ့’၏ကျော်ကြားမှုကြောင့် ရောက်လာကြသူများထံမှ ငွေကြေးအထောက်အပံ့ကို မှီခိုရလေသည်။ ဆရာ့၏ကျော်ကြားမှုသည် ကုမ္ပဏီကို ကြွယ်ဝချမ်းသာလာအောင်ပေးချိန်၌ သူမအဖေ၏အရည်အချင်းသည် စီးပွားရေးလုပ်ငန်းတွင် သာမန်မျှသာဖြစ်ကြောင်း သူတို့အားလုံး ကောင်းကောင်း သိကြသည်။

သူမမိခင်သည် ထိုအချက်ကို မုန်းတီးလေသည်။ သူမ၏အဖေ၌ မုအုပ်စုအတွင်း ရှယ်ယာတစ်ခုရှိပြီး နှစ်တိုင်း ရလာသည့်အစုအမြတ်ဖြင့် အလွန်ချမ်းသာသည့် ဘဝတွင် နေနိုင်သော်လည်း သူမ၏မိခင်သည် ပိုကောင်းသည့်ဘဝမျိုးကို ရစေချင်သေးသည်။

အထူးသဖြင့် သူမသည် သူမ၏သမီးဖြစ်သူကို ပိုကောင်းသည့်အိမ်ထောင်ဖက်ဖြင့် လက်ဆက်စေချင်သည်။

ဒါကြောင့် ‘ဆရာ’က တွမ့်ရှင်းယွမ်ကို တန်ဖိုးထားတာ သိလိုက်ရတော့ အမေက အဖေ့ကို ဘကြီးနားသွားပြီး သူမက တွမ့်ရှင်းယွမ်နဲ့ လက်ထပ်သင့်တယ်လို့ စားဦးသန်းခိုင်းခဲ့တာပေါ့။ တွမ့်ရှင်းယွမ်က စေ့စပ်ထားပြီးသား ဆိုတာ သိနေရက်နဲ့လေ။ ဒါပေမဲ့ သူ့သတို့သမီးလောင်းက ကိုယ့်ဟာကိုယ် အရူးလုပ်ခဲ့တဲ့ပုံပါပဲ၊ လွန်ခဲ့အပတ်တုန်းက တွမ့်ရှင်းယွမ်ကို အရှက်ခွဲခဲ့တယ်တဲ့။ သိပ်မကြာခင်တုန်းကလည်း တွမ့်ရှင်းယွမ်က ဆွန်းအိမ်က သမီးနဲ့ ဘလိုင်းဒိတ် လုပ်ခဲ့သေးတယ်။

ဒါက သူ့သတို့သမီးလောင်းကို ကြောက်စရာမလိုဘူးဆိုတာ သက်သေပြနေတာပဲ။

မုအိုက်သည် ထိုကိစ္စကို အလေးမထားချေ။ သူမအမေ၏ ဝေဖန်သုံးချက်က ကြောင်းကျိုးဆီလျော်သည်ဟုသာ တွေးလိုက်လေသည်။ သူတို့သည် ဤသို့ ဒုတိယမိသားစုအနေအထားအတိုင်း ဆက်သွားနေလျှင် သူတို့သည် သူမ၏ဘကြီး မိသားစု ကောင်းလာမည် မဟုတ်သလို သူမ လက်ထပ်ပြီးသွားလျှင် မုမိသားစုနှင့် သူမ၏ဆက်ဆံရေးသည် လုံးဝအနေဝေးသွားလိမ့်မည်။ ‘ဆရာ’ သည် သူ့အကျင့်အရ အေးစက်စက်ဖြစ်လေသည်။ ထို့ကြောင့် သူမ လက်ထပ်ပြီးသွားလျှင် သူသည် သူမကို လုံးဝဂရုစိုက်တော့မည်မဟုတ်ချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now