အပိုင်း (၁၆၂) အချိန်ဆွဲခြင်းက ဒုက္ခတစ်မျိုး

506 58 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၆၂) အချိန်ဆွဲခြင်းက ဒုက္ခတစ်မျိုး

ပန်းချီကားကို ချိတ်ဆွဲပြီးနောက် ဝန်ထမ်းသည် ပြန်ဝင်လာ၏။ ကျွမ်းကျင်သည် သူမကိုယ်သူမ ခြေထိုးမိမလို ဖြစ်သွားပြီး ရုတ်တရက်လန့်သွားပြီး ဝန်ထမ်းသည် အခိုက်တန့် တောင့်တင်းသွားသော်လည်း ထိုအကြောင်းကို သိပ်မစဥ်းစားလိုက်မိချေ။

“မိန်းကလေးကျွမ်း ရှင်ပြောတဲ့ပန်းချီကားကို ချိတ်ပေးပြီးသွားပါပြီ...”

ကျွမ်းကျင်းက ခေါင်းညိတ်ပြလိုက်၏။

“ အင်း ဒီပန်းချီကားတွေက အရင်ဆုံး အိမ်ကိုပို့ပေးလိုက်ပါ”

ပြခန်းတွင် သူမ၏အိမ်လိပ်စာရှိသည်။ နောက်ဆုံး သူမသည် ဝယ်နေကျဖောက်သည်ဖြစ်ရာ သူမက ဘာမှပြောနေစရာမလိုချေ။

ဝန်ထမ်းက ခေါင်းညိတ်ပြလိုက်ပြီး ကျွမ်းကျင်းဝယ်ထားသည့် အပြင်က ရှောက်ဇီဟန်၏ပန်းချီကားကို စဥ်စားလိုက်ကာ မေးလိုက်၏။

“ မိန်းကလေးကျွမ်း ရှင်လှည့်ပတ်ကြည့်ပြီးရင် အပြင်က ပန်းချီကားကိုရော ထည့်ပို့ပေးရမှာလား”

ကျွမ်းကျင်းသည် မျက်တောင်ခတ်လိုက်ပြီး

“ မဟုတ်ဘူး ဒါတွေကိုပဲ အရင်ပို့လိုက်”

သူမသည် သူမကို ဒုက္ခများစေမည့် အချိန်ဆွဲခြင်းကို မလုပ်လိုပေ။

ဒါသည် အလွန်ရုတ်တရက်ဆန်သလို ခံစားရလိုက်ရဖြင့် ကျွမ်းကျင်းက ထပ်ပြောလိုက်လေသည်။

“ အပြင်က ပန်းချီကားကိုတော့... ရှင်တို့အဆင်ပြေရင် ကျွန်မအတွက် နောက်တစ်ပတ်အထိ ချိတ်ထားပေးလို့ရမလား၊ ကျွန်မ သူငယ်ချင်းတွေနဲ့ နောက်တစ်ပတ်ပြန်လာခဲ့မယ်... အဲဒီအခါကျရင် ကျွန်မက ဒီပန်းချီကို ဝယ်ချင်တယ်လို့ ပြောရင် ရောင်းထွက်ပြီးသားလို့ ပြောပေးနော်”

ဝန်ထမ်းသည် စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပါပြီ”

ကျွမ်းကျင်သည့် ဝန်ထမ်းများက ကုချင်းယွီ၏ပန်းချီကားရောညှပ်ထားသည့် ပန်းချီကားများကို အထူးကားပေါ်သို့ တင်ပေးနေသည်ကို စောင့်ကြည့်လိုက်ပြီး ကားထွက်သွားသည်ကို မြင်လိုက်မှ သက်ပြင်းချကာ ရှောက်ဇီဟန်ကို စောင့်ရန် တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်လာခဲ့လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now