အပိုင်း ( ၂၃) မင်းတို့နှစ်ယောက်က ငါ့ကို ငတုံးများ မှတ်နေတာလား

2.2K 256 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း ( ၂၃) မင်းတို့နှစ်ယောက်က ငါ့ကို ငတုံးများ မှတ်နေတာလား

ဖုန်းထဲမှ တွမ့်ရှင်းယွမ်၏အသံသည် အလွန်အေးစက်နေသည်။ ကုချင်းချန်ကြောင့် ကုချင်းယွီနှင့် သူ့ဆက်ဆံရေး ဤသို့ဖြစ်သွားသည့်အချက်ကို စဥ်းစားလိုက်မိချိန်၌ သူသည် သူမကို သတ်ချင်စိတ် ပေါက်သွားတော့သည်။

ကုဝမ်ချန်သည် သူ့သမီးနှစ်ယောက်လုံးကို ဘက်မလိုက်တတ်ဘဲ ကုချင်းယွီကို အနည်းငယ် ပိုသဘောကျသည်ကို သူသိထားလေသည်။ အကြောင်းမှာ သူမသည် ပိုလှပပြီး သူ့ထံ အကျိုးအမြတ်များ ပိုယူလာပေးနိုင် သောကြောင့်ပင်။

သို့သော် သူ မတတ်နိုင်ခဲ့သလို လုပ်လဲမလုပ်နိုင်ခဲ့ချေ။ မစ္စစ်ကု ဘေးမှာရှိနေလျှင် ကုချင်းချန်သည် တောင်းပန်ရင်း ကြီးသည့်ကိစ္စကို ငယ်အောင်၊ အရေးမကြီးသည့် ကိစ္စကို ပပျောက်အောင် လုပ်နိုင်လေသည်။

အရေးမကြီးတဲ့ကိစ္စတဲ့လား။ သူ တွမ့်ရှင်းယွမ်ရဲ့အမျိုးက အရေးမကြီးတဲ့ကိစ္စ မဟုတ်တာပဲ။

ဒါက ဒီအတိုင်း သူ့ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ။

ကုချင်းချန် ဤသို့လုပ်ရသည့် အဓိကအကြောင်းအရင်းမှာ သူ့ကြောင့်မှန်း သိထားလေသည်။ ထိုမိန်းမ၏မျက်လုံးများသည် သူမ ဆယ့်လေးနှစ်အရွယ်ကတည်းက အလွန်သိသာနေ၏။

သို့သော် သူမသည် ကုချင်းယွီလောက် ဆွဲဆောင်မှု မရှိသလို သူမလောက်လည်း လိမ္မာပါးနပ်မှုမရှိချေ။ ထို့အပြင် သူမသည် အလွန်ပင်ရက်စက်သေးသည်။ သူသည် သူမအား မည်သို့ သဘောကျနိုင်ပါမည်နည်း။

ကုမိသားစုသည် တွမ့်မိသားစုနှင့် ယှဥ်လျှင် အားနည်းသည်။ ကုချင်းယွီကြောင့်သာ မဟုတ်လျှင် သူသည် Sမြို့သို့ ဘယ်တော့မှ လာလိမ့်မည် မဟုတ်ချေ။ သူသည် ကုမိသားစုကို အထင်သေး၏။ သူ၏ အပြင်းအထန် တောင်းဆိုမှုကြောင့်သာမဟုတ်လျှင် တွမ့်မိသားစုသည်လည်း ကုချင်းယွီနှင့် စေ့စပ်ပွဲကို သဘောတူလိမ့်မည်မဟုတ်ပေ။

သူနှင့် ကုချင်းယွီတို့၏စေ့စပ်ပွဲကို သူတောင်းဆိုခဲ့သည်ဖြစ်ရာ ကုချင်းချန်က သူ့အစ်မ မရှိလျှင် သူသည် သူမအား ချစ်လာလိမ့်မည်ဟု တုံးအစွာ မည်သို့တွေးခဲ့ပါသနည်း။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now