အပိုင်း (၁၇၄) အရမ်းဝမ်းနည်းတာပဲ ၊ ကျွန်မလုပ်နိုင်ဘူး

370 53 0
                                    

အပိုင်း (၁၇၄) အရမ်းဝမ်းနည်းတာပဲ ၊ ကျွန်မလုပ်နိုင်ဘူး

“ အင်း... ဒဏ်ရာရထားတယ်”

သူလည်ပင်းက ခွေကျသွားပြီး

“ ဒါကြောင့်... မင်း ကိုယ့်ကို စောင့်ရှောက်ပေးရမယ်”

ပြောရင်းဆိုရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အားအင်ဆုံးရှုံးသွားတော့မည့်နှယ် သူ့လက်များက သူမကို ပွေ့ထားပြီး သူမကိုယ်ပေါ်သို့ မှီချလိုက်တော့သည်။

ကုချင်းယွီ၏မျက်လုံးများ ဝိုင်းစက်သွားပြီး သူ၏လွှမ်းမိုးခံရတော့မတတ်ပင်။ သူ့လက်များက သူမ၏ခါးကို ဖက်ထားကာ မလွှတ်တော့သည်ကို ခံစားလိုက်ရပြီး  သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် မူမမှန်အောင် ပူပြင်းနေရာ သူမသည် မျက်မှောင်ကျုံ့လိုက်ပြီး သူ့ကို ခက်ခက်ခဲခဲ ထိန်းထားကာ သူမ၏ကျောပေါ် သယ်ဖို့ကြိုးစားရင်း သူ့ကို သူမ၏အိမ်သို့ ခေါ်ဝင်လာလိုက်သည်။

မုရွှမ်ချင်သည် သတိမရှိတော့ဟန် ဖြစ်နေပြီး သူ့မျက်ခုံးများက တင်းနေအောင် တွန့်ချိုးထားကာ အနည်းငယ်မသက်မသာဖြစ်နေသယောင် သူမကို တင်းနေအောင် ဖမ်းဆုပ်ထားလေသည်။

“ ဆရာ... ကျွန်မကိုလွှတ်ပါအုံး၊ ကျွန်မ တဘက်သွားယူပြီး မျက်နှာကို သုတ်ပေးမယ်နော်....”

ကုချင်းယွီသည် သူ့ရှေ့က လူကို ကြည့်လိုက်၏။ သူသည် အချိန်အကြာကြီး အနားမယူခဲ့ရသည့်နှယ် အလွန်ပင်ပန်းနေသည်ကို သူမခံစားမိလိုက်လေသည်။

ထို့အပြင် သူပေးခဲ့ဖူးသည့် စွမ်းအင်များ ပိုင်ဆိုင်ထားသည့် ချိုမြမြရနံ့ကိုလည်း သူမက အနံ့ရနေသည်။ သဘောက သူ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလို ထပ်ပြီး ဒဏ်ရာရခဲ့တာလား။

ပြီးခဲ့တဲ့တစ်ခေါက်တုန်းက...

ကုချင်းယွီသည် လပ်တော့ပ် စခရင်ကို မော့ကြည့်လိုက်၏။ ရက်စွဲက....

လပြက္ခဒိန်ရဲ့ ၁၅ရက်နေ့။

ပြီးခဲ့တဲ့အခေါက်တုန်းကလည်း ဒီလိုအချိန်ပဲမလား။

သူမ၏မသိစိတ်က အလွန် စိတ်အားထက်သန်နေပြီး ကိစ္စတချို့ကို ချက်ချင်းခန့်မှန်းလိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now