အပိုင်း ( ၁၃၇) [နဂါးစိမ်းလေး]

813 99 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၃၇) [နဂါးစိမ်းလေး]

သူတို့ကိုယ်တိုင်ဘာမှမလုပ်သ၍ စုံစမ်းခံရမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား။

သူမက ကုချင်းယွီကို စုံစမ်းကြည့်လိုက်တော့ သူ့ကို မုန်းတဲ့လူက အများသား။

အဲဒီလူတွေက သူ့မနောက်မှာ ‘ဆရာ’လို အရှိန်အဝါကြီးတဲ့သူရှိမှန်း မသိကြသေးဘူး။ သူမ နည်းနည်းလောက် တွန်းအားပေးလိုက်တာနဲ့ သူတို့ကို အသုံးချလို့ရသွားနိုင်တယ်။ အောင်မြင်တာဖြစ်ဖြစ် မအောင်တာဖြစ်ဖြစ် သူမလက် မညစ်ပတ်ဘဲ ကုချင်းယွီကို ဒုက္ခအများကြီး ဖြစ်စေမှာသေချာတယ်။ သူမကတော့ ဘေးကနေ ပွဲထိုင်ကြည့်ရုံပဲ။

ဒါက သူတို့လိုလူတွေ သူတို့ချစ်သူလုဖက်တွေကို ဖြေရှင်းတဲ့နည်းလမ်းပဲလေ။ မုအိုက်က အရမ်းငယ်သေးတော့ ဘာပြိုင်ဘက်မှ မတွေ့ခဲ့ဖူးဘူး။ ဒါကြောင့်ပဲ ကိစ္စတွေကို သူကိုယ်တိုင်လုပ်ခဲ့ပြီး ဒီလိုသိသာတဲ့သက်သေတွေ ချန်ထားခဲ့မိတာ။

ကုချင်းယွီသည် သူမနောက်ကို တစ်ယောက်ယောက်က ထပ်လိုက်နေမှန်းမသိပေ။ သို့သော် သူမ သိခဲ့လျှင်လည်း ဂရုစိုက်လိမ့်မည်မဟုတ်။ တစ်ယောက်လာလျှင် တစ်ယောက်ကို သ-တ်မည်။ နှစ်ယောက်လာလျှင် ထိုနှစ်ယောက်ကို သ-တ်လိုက်ရုံပင်။

ထိုအခိုက်တွင် သူမသည် ရုပ်ရှင်ရုံထဲ၌ ကျွမ်းစစ်ရိ၏ရုပ်ရှင်ကို ကြည့်နေလေသည်။

ကျွမ်းစစ်ရိ၏ animeရုပ်ရှင်ကို မေ ၁ရက်နေ့ အားလပ်ရက်အမှီ ရုံတင်ခဲ့ပြီး သူ့တွင် အဆက်အသွယ်အများအပြားရှိရာ ကြည့်ရှုသူအများအပြား လာရောက်ကြလေသည်။ ထို့အပြင် သူ့လက်ရာဟောင်းမှလည်း ဖန်များ စုဆောင်းထားပြီးဖြစ်ရာ ရုပ်ရှင်ကို ရုံတင်စမှာပင် ကြည့်ရှုသူများခဲ့လေသည်။

အားလပ်ရက်ကြောင့် ဖြစ်ဟန်တူသည်။ မိဘများကလည်း သူတို့ကလေးများကို ခေါ်က ရုပ်ရှင်လာကြည့်ကြ၏။ ကလေးပါသည့် မိသားစုများလည်း ရှိရာ သူတို့သည် [နဂါးစိမ်းလေး]ကို ရွေးချယ်လိုက်ကြလေသည်။ [နဂါးစိမ်းလေး]၏ ရုံတင်ဝင်ငွေသည့် ပထမနေ့မှာပင် အံ့ဩစရာကောင်းလောက်အောင် ယွမ်သန်း၅၀ အထိ တက်သွားခဲ့သည်။ ကျွမ်းစစ်ရိ ရင်းနှီးခဲ့သည့် ကုန်ကျငွေမှာ ချက်ချင်း ပြန်ပြည့်သွားပြီး သူ့အပြုံးကလည်း မရပ်တော့ချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now