အပိုင်း (၁၁၄) နောက်ဆိုရင် ငါတို့တွေ သူမကို လုံးဝ သွားထိလို့မဖြစ်ဘူး

1K 126 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၄) နောက်ဆိုရင် ငါတို့တွေ သူမကို လုံးဝ သွားထိလို့မဖြစ်ဘူး

ကုချင်းယွီက လင်ရှောင်ရိကို လစ်လျူရှုထားလိုက်ပြီး ထွက်ဆိုချက်ပေးရန် ရဲအရာရှိနောက် လိုက်သွားလေသည်။

လင်ရှောင်ရိ၏ဖြစ်ရပ်ကြောင့် လူများက ကုချင်းယွီကို တလွဲထင်သွားကြတော့သည်။

“ ကုချင်းယွီ တကယ်ရက်စက်တာပဲ၊ လင်ရှောင်ရိက အတန်းဖော်လည်း ဖြစ်သလို သူမ အခန်းဖော်လည်း ဟုတ်တယ်နော်၊ ပုံမှန်ဆိုရင် သူတို့ ရင်းနှီးကြတယ်မလား၊ လင်ရှောင်ရိက သူမဆီက ခိုးခဲ့တယ်ဆိုရင်တောင် ရဲခေါ်ရမဲ့အစား သူမကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးသင့်တယ်မလား”

လူတချို့၏အမြင် ဖြစ်လေသည်။

“ဒါပေမဲ့ ခိုးတာကတော့ မကောင်းတဲ့ကိစ္စပဲလေ၊ ပြီးတော့ လင်ရှောင်ရိလုပ်တာလဲ တစ်ခါမှ မကတော့တာ၊ ငါကြားတာတော့ သူမ ခိုးထားတဲ့ပစ္စည်းကို second-handဆိုင်မှာ ရောင်းခဲ့တာနဲ့တင် ယွမ် ၁သောင်းကျော် တယ်တဲ့၊ ကျွတ် ကျွတ်.... သူမက သူမရဲ့အခန်းဖော်ကို  ငွေထုတ်စက်တစ်ခုလို့ တကယ် ထင်နေတာပဲဟဲ့”

တခြားလူများက ထိုသို့မြင်ကြလေသည်။

“ ဒါပေမဲ့ ကုချင်းယွီက သူမကို ပြန်ပေးခိုင်းလို့ရတာပဲ၊ ပြီးတော့ သူမရဲ့ မိသားစုလည်း အဲလောက်ချမ်းသာတာ ယွမ် ၁သောင်းက သူမ ဝတ်တဲ့ အဝတ်အစားတစ်ထည်စာတောင် မရှိပါဘူး”

“ ပြန်ပေးခိုင်းရမယ်၊ လင်ရှောင်ရိက ပြန်ပေးလိုက်ရင် ကုချင်းယွီဆီက ခိုးထားတာလို့ ဝန်ခံလိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား၊ ပြီးတော့ အဲနေ့က လင်ရှောင်ရိရဲ့ ပုံစံကို ကြည့်ပါလား၊ သူမ ဝန်ခံမဲ့ပုံ ပေါက်နေလို့လား၊ သူမက ပြန်တောင် ပြောလိုက်သေးတယ်လေ၊ သူမကို ချောက်ချတာ ကုချင်းယွီပါဆိုပြီးတော့”

“ နင်ပြောတာ ဟုတ်တယ်၊ လင်ရှောင်ရိကလည်း လူကောင်းတစ်ယောက်တော့ မဟုတ်ပါဘူး၊ အဲနေ့က သူမ အပြစ်ကင်းတာကို သက်သေပြဖို့ သူမရဲ့ အခန်းဖော်နှစ်ယောက်ကိုတောင် သူမနဲ့ ဆွဲချဖို့ ကြိုးစားခဲ့သေးတယ်”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now