အပိုင်း (၂၄) လက်ထပ်စာချုပ်ကို ချင်းချန်က ဖြည့်ဆည်းပေးလိမ့်မယ်

2.2K 253 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၂၄) လက်ထပ်စာချုပ်ကို ချင်းချန်က ဖြည့်ဆည်းပေးလိမ့်မယ်

“ အခုတော့ မင်းတို့ သားအမိနှစ်ယောက် မင်းတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒတွေကြောင့် ကုမ္ပဏီရဲ့ အကျိုးအမြတ်ကိုတောင် ဂရုမစိုက်ကြတော့ဘူးလေ၊ တွမ့်မိသားစုကိုတောင် ဒေါသထွက်အောင် လုပ်ရဲသေးတယ်ဟုတ်လား၊ ချင်းယွီမရှိတော့ရင် တွမ့်ရှင်းယွမ်က ချင်းချန်ကို ကြိုက်လာလိမ့်မယ်လို့ နင်တို့ တကယ်ထင်နေကြတာလား၊ သူက တော်ဝင်မြို့က တွမ့်မိသားစုရဲ့ မြင့်မြတ်တဲ့သားကွ၊ အဲဒီမှာ ဘယ်လိုမိန်းမမျိုး မရှိနေလို့လဲ၊ ချင်းယွီသာ မဟုတ်ရင် သူက ဒီအတိုင်း ကုမိသားစုကို အထင်သေးနေမှာပဲ”

မစ္စကု၏မျက်နှာသည် ပြောင်းလဲသွားပြီး အနည်းငယ်ဣန္ဒြေပိုရလာလေသည်။

အမှန်ပဲ။ ကုချင်းယွီကြောင့်သာ မဟုတ်ရင် တွမ့်ရှင်းယွမ်က Sမြို့မှာ လာနေမှာ မဟုတ်ဘူး...

ဒါပေမဲ့ သူက ချင်းချန်ကို ဘာလို့ မကြိုက်နိုင်ရတာလဲ။

သူမသည်  အချိန်တစ်ခုမှ ထွက်လာသည့် ကုချင်းယွီကို ကြည့်လိုက်ရာ သူမ၏မျက်လုံးထဲတွင် အမုန်းတရားတချို့ကို တွေ့လိုက်ရ၏။

ဒါတွေအားလုံးက အဲဒီခွေးမရဲ့သမီးကြောင့်ပဲ။ သူမက သူမရဲ့အမေနဲ့ တစ်ပုံစံထဲပဲ။ နှစ်ယောက်လုံးက မြေခွေးမတွေ။

ထိုအချိန်က သူမနှင့် ကုချင်းချန်သည် အပြန်အလှန်စိတ်ဝင်စားနေကြပြီး ကုဝမ်ချန်က သူမ၏အဆောင်တွင် ကောင်မလေးများကို ညစာဖိတ်ကျွေးချင်သည်ဟု ပြောခဲ့၏။ သို့သော် သူသည် ရှန်းချင်းယန်ကို တွေ့သွားချိန်၌ သူမ၏တည်ရှိမှုကို လုံးဝမေ့သွားပြီး သူမကို  အရူးအမူး ချစ်ရေးဆိုခဲ့လေသည်...

အဲဒီခွေးမ ရှန်းချင်းယန်က သူမနဲ့ ကုဝမ်ချန် ချစ်သူဖြစ်နေတာကို သိရဲ့သားနဲ့ သူနဲ့အတူတူ နေပြီး လက်မထပ်ခင် ကိုယ်ဝန်ရသွားပြီး ကုချင်းယွီကို မွေးခဲ့တာပဲ။

တက္ကသိုလ်မှဘွဲ့မရခင် ရှန်းချင်းယန်သည် နောက်ပိုင်းတွင် ကုမိသားစု၏ ဥက္ကဋ္ဌဖြစ်လာသူ ကုဝမ်ချန်နှင့် လက်ထပ်လိုက်ပြီးနောက် ဘာမှမလုပ်လိုက်ရဘဲ ဥက္ကဋ္ဌဇနီးသည်ဖြစ်လာခဲ့၏။ ထိုစဥ် သူမသည် ဘွဲ့ရပြီးနောက် ကုမ္ပဏီငယ်လေးတစ်ခုတွင် လစာ ယွမ် တစ်ထောင်သာရသည့် ဝန်ထမ်းတစ်ယောက် အဖြစ်လုပ်ခဲ့ရလေသည်။  ရှန်းချင်းယန်က သူမ၏လစာကို လပေါင်းများစွာစုဆောင်းမှသာ ဝယ်နိုင်မည့်အိတ်ကို ကိုင်ထားစဥ် သူမသည် ဖိနပ်ကောင်းတစ်ရံအတွက်ပင် မတတ်နိုင်ခဲ့ချေ...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now