အပိုင်း ( ၅၇) ငါ့နောက်ဆက်လိုက်နေရင် ငါ့လူဖြစ်အောင် လုပ်ပစ်လိုက်မယ်

1.8K 227 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၅၇) ငါ့နောက်ဆက်လိုက်နေရင် ငါ့လူဖြစ်အောင် လုပ်ပစ်လိုက်မယ်

အဲလိုဆိုတော့ မေးစရာက ရှိလာပြန်ပြီလေ။ သူ့သွေးကို သောက်ပြီးသွားတာတောင် ပေါက်ကွဲပြီး မသေရုံတင် မဟုတ်ဘူး သူမခန္ဓာကိုယ်ထဲမှာ မူမမှန်တာ တစ်ခုလေးတောင် မရှိဘူးတဲ့လား။

ကုချင်းယွီသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို ကြည့်နေလေသည်။

“ ရှင် ထပ်လိုချင်သေးလို့လား”

ငါလေး သူ့သွေးကို စုပ်လိုက်တာနဲ့ယှဥ်ရင် သူ ငါလေးဆီက စုပ်လိုက်တဲ့ပထမဏက အများကြီး နည်းသေးတယ် ထင်ပါတယ်။

မုရွှမ်ချင်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး

“ မလိုတော့ဘူး”

သူ သိချင်တဲ့ဟာကို သိလိုက်ရပြီးပြီလေ။

သူသည် ပြောရင်းဆိုရင် ရှေ့သို့ ဆက်သွားလိုက်တော့သည်။

သို့သော် သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ဘေးက ကုချင်းယွီသည် ရဲတင်းစွာ လိုက်ပါလာ၏။

သူသည် လျှောက်နေရာမှ ရပ်လိုက်ပြီး

“ မင်း ငါ့နောက်လိုက်ချင်လို့လား”

“ လိုက်လို့ရလား”

ကုချင်းယွီ မျက်တောင်ခတ်လိုက်ပြန်သည်။

“ရပါတယ်”

သူက ပြောလိုက်၏။

“ ဒါပေမဲ့ မင်း ငါ့နောက်လိုက်ခဲ့ရင်တော့ မင်း ငါ့လူဖြစ်လာလိမ့်မယ် နားလည်လား”

သူ့လူတဲ့လား။

သဘောက သူက ငါလေးကို ကျွေးမွေးဖို့ တာဝန်ယူမယ်လို့ ပြောလိုက်တာလား။

ကုချင်းယွီ၏မျက်လုံးများသည် တောက်ပသွားပြီး အားရဝမ်းသာ ခေါင်းညိတ်ပြလိုက်လေသည်။

“ နားလည်ပြီ။ ကျွန်မ ရှင့်နောက်လိုက်ခဲ့ပြီး ရှင့်လူလုပ်မယ်”

“....”

ချန်ရန်သည် တံတွေးနင်သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now