အပိုင်း ( ၅၉) အစားခံရမဲ့သူက ရှင်မဟုတ်ဘဲ ဘာလို့ ကျွန်မဖြစ်ရမှာလဲ

1.8K 232 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၅၉) အစားခံရမဲ့သူက ရှင်မဟုတ်ဘဲ ဘာလို့ ကျွန်မဖြစ်ရမှာလဲ

သို့သော် သူသည် သူမရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ သူမ၏ခြေထောက်ကို လှမ်းဆုပ်လိုက်ပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ကာ ခြေထောက်ကို အသာအယာ ဆေးလိမ်းပေးလိုက်လေသည်။

ဒဏ်ရာရပြီး နီရဲကာ ယောင်ကိုင်းနေသည့် အသားအရေသည် ယခုတော့ အေးမြသွားကာ သက်သောင့်သက်သာ ဖြစ်သွားပြီး လုံးဝမနာတော့ချေ။

သူမသည် ကြာပန်းနံ့သင်းသင်းလေးကို ရှုရှိုက်လိုက်လေသည်။

ဒါ လိမ်းဆေးရဲ့အနံ့ပဲ ဟုတ်တယ်မလား။

သို့သော် သူမသည် လိမ်းဆေးကို စိတ်ဝင်စားမိသော်လည်း သူမ၏အကြည့်များကို သူ့ထံမှ မခွာနိုင်လိုက်ချေ။

သူ့လက်တွေက... ထိလိုက်ရင် နွေးနေတာပဲ။

ဒါပေမဲ့ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ခံထားရတော့ တစ်နည်းနည်းနဲ့ အပူလောင်နေသလို ခံစားရတယ်...

မုရွှမ်ချင်သည် လမ်းပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်နေသည့်သူမကို တွေ့လိုက်ချိန်က ဆွဲဆောင်ခံလိုက်ရသလို သူမ၏ခြေထောက်ကို စိုက်ကြည့်နေမိတော့သည်။

ဟုတ်ပါ့။ သူမရဲ့ ခြေထောက်တွေက သေးတာမှ လက်တစ်ဖက်ထဲနဲ့တောင် ဆုပ်ထားလို့ရတယ်။ ပြီးတော့ ပုံမှန်ဆိုရင် လူတွေရဲ့ ခြေထောက်အရေပြားက ကြမ်းတမ်းပေမဲ့ သူမကျတော့ မတူဘူး။ သူမခြေထောက်အရေပြားက ချောမွတ် နူးညံ့ပြီး လက်နဲ့ခန္ဓာကိုယ်ကလည်း ဖြူဖွေးချောမွတ်တော့ လူကို မချစ်ဘဲ မနေနိုင်တော့ဘူး...

သူ့လည်ပင်းမှ အလုံးသည် လိမ့်တက်သွားပြီး သူ့လက်ကြီးထဲတွင် ပိုသေးသွားကာ ပိုဖြူဆွတ်လာသယောင် ထင်ရသည့် သူမ၏ခြေထောက်ကို စိုက်ကြည့်နေမိတော့သည်။

“ ဆရာ...”

သည်မြင်ကွင်းကို မမျှော်လင့်ဘဲတွေ့သွားသည့် ချန်ရန်သည် အံ့ဩတကြီး ငေးကြည့်နေလေသည်။

ဆရာက တခြားလူတွေကို သူ့အိမ်လာတာကို မကြိုက်လို့ အိမ်က အစေခံအားလုံးကို သူ မရှိမှ သန့်ရှင်းရေးလုပ်ခိုင်းပြီး သူပြန်လာတာနဲ့ ထွက်သွားခိုင်းရတာလေ။ ပြီးတော့ မီတာ၁၀၀လောက် ဝေးတဲ့ အိမ်တစ်လုံးမှာ သပ်သပ်နေခိုင်းရတာ။ ဒီမှာ အစေခံ လုံးဝမရှိတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူ ဖုန်းတစ်ချက် ခေါ်လိုက်ဖို့ပဲလိုတာ။ မိသားစုဆရာဝန်နဲ့ အစေခံတစ်ယောက်က မိနစ်ပိုင်းအတွင်း ရောက်လာလိမ့်မယ်လေ။ သူကိုယ်တိုင် မိန်းကလေးကုကို ဆေးလိမ်းပေးစရာမလိုပါဘူး။ ပြီးတော့ ဒူးကိုတောင် တစ်ဖက် ထောက်ထားပြီးတော့တဲ့လေ...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now