အပိုင်း (၃၄) ဘောစ့် ကျွန်မကိုယ်ကျွန်မ ရှင့်လက်ထဲ ယုံယုံကြည်ကြည် အပ်လိုက်ပြီနော်

2K 234 0
                                    

အပိုင်း (၃၄) ဘောစ့် ကျွန်မကိုယ်ကျွန်မ ရှင့်လက်ထဲ ယုံယုံကြည်ကြည် အပ်လိုက်ပြီနော်

ကုချင်းချန်သည် လင်းဟန်ကျောက်က မျက်ရည်နှင့် နှာရည်များကို သုတ်ပြီး ငိုရင်း သူမလက်ကို ကိုင်လိုက်သောအခါ သူမသည် ခါပစ်တော့မလိုဖြစ်သွားတော့သည်။

ဒီရုပ်ဆိုး ပလက်စတစ်ဆာဂျရီမက ရှန်ချန်းကို အခုအထိ တကယ် လွမ်းနေသေးတာပဲ။ ဒါလည်း မှန်တာပါပဲ။ သူမရဲ့ရိုးသားမှုက အပြင်ပန်အသွင်နဲ့ ကွာနေလို့သာပေါ့။ မဟုတ်ရင် သူမကို အလွယ်တကူ လှည့်စားလို့ ဘယ်ရမှာလဲ...

အခုလိုပေါ့။ သူမရဲ့ အပြစ်ကင်းမှုနဲ့ အရူးအမူးစွဲလမ်းနေတောက သူမရဲ့ အားနည်းချက်တစ်ခု ဖြစ်လာတာပဲ။ အစက သူမထင်ထားတာက လင်းဟန်ကျောက်က ခံစားချက်ထက် ငွေကို ပိုအလေးထားလိမ့်မယ်ပေါ့။ ဒါပေမဲ့ ထင်မထားခဲ့မိဘူး...

ကြည့်ရတာ အနုနည်းက အလုပ်မဖြစ်ရင်တော့ အကြမ်းနည်းကပဲ အဖြေဖြစ်လိမ့်မယ်။

ကိစ္စမရှိဘူး။ နောက်ကျရင် လင်းဟန်ကျောက်က သူမကို သေချာပေါက် ကျေးဇူးတင်နေလိမ့်မယ်။

သူမသည် သူမ၏လက်ကို ပြန်ဆွဲသိမ်းလိုက်ပြီး မျက်တောင်တစ်ချက်မခတ်ဘဲ စားပွဲပေါ် ပြန်တင်လိုက်ကာ အနည်းငယ် အော်ဂလီဆန်သွားတော့သည်။ တစ်ရှူးတချို့ကို ဆွဲထုတ်လိုက်ပြီး အသားကုန်ရွံရှာကာ လက်များကို သုတ်ပလိုက်လေသည်။

လင်းဟန်ကျောက်သည် သူမ၏ ဖုံးကွယ်မထားနိုင်သည့်ရွံရှာနေပုံကို ကြည့်ပြီး သူမ၏စိတ်ထဲတွင် လှောင်လိုက်ကာ ခြေလှမ်းခပ်ကျဲကျဲ လှမ်းလိုက်ရင်း

“ ချင်းချန် ငါ သန့်စင်ခန်းသွားလိုက်အုံးမယ်....”

ကုချင်းချန်သည် မရိုးသားသည့်အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူမ သန့်စင်ခန်းထဲ ဝင်သွားသည်ကို မြင်လိုက်ပြီးနောက် သူမ၏ဖုန်းကို ထုတ်လိုက်လေသည်။

“အမေ သူမ စကားနားမထောင်ဘူး... အမေ့လူတွေကို လာခိုင်းလိုက်တော့”

မစ္စကု၏အကူအညီသာ မရှိလျှင် သူမသည် ဒီနေ့လိုကိစ္စမျိုးကို လုပ်နိုင်မည်မဟုတ်ချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now