အပိုင်း ( ၃၉) ငါ့ကိုအသုံးချပြီးတော့ မင်းက ဒီလို မသိသလိုလုပ်ဖို့ စဥ်းစားထားတာလား

1.9K 217 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၃၉) ငါ့ကိုအသုံးချပြီးတော့ မင်းက ဒီလို မသိသလိုလုပ်ဖို့ စဥ်းစားထားတာလား

ရှန်ချန်း၏မျက်နှာပေါ်မှအပြုံးသည့် ပျောက်ကွယ်သွားပြီး

“ ငါ့ကို အသုံးချပြီးသွားတော့ မင်းက ဒီလို မသိသလိုနေဖို့ စဥ်းစားထားတာလား”

သူသည် မျက်လုံးများကို ကျဥ်းထားပြီး သူမကို ခြိမ်းခြောက်လေတော့သည်။

“ မင်းက ဒီကိစ္စရဲ့ အဓိကလက်သည်မှန်း တွမ့်ရှင်းယွမ် ဒါမှမဟုတ် မင်းအဖေသာ သိသွားရင် ကိစ္စတွေ ဘယ်လိုဖြစ်လာမယ်ထင်လဲ၊ မင်းလည်း ဒီလိုကိစ္စမျိုးကို မမြင်ချင်ဘူးလေ ဟုတ်တယ်မလား”

သို့သော် ကုချင်းယွီသည် သူ့ခြိမ်းခြောက်မှုကို မဖြုံပေ။

“ ရှင်ပြောချင်လည်း သွားပြောလေ၊ ကျွန်မအဖေက ဒီကိစ္စကို အစောကြီးကတည်းက သိထားပြီးသား၊ သူ ဒီအတိုင်း ဘာမှမပြောတာ၊ ကျွန်မနဲ့ စေ့စပ်ထားတဲ့သူကတော့... ရှင် အတွေးလွန်နေပြီ၊ သူက ကုချင်းချန်ကို ဒီထပ်ဆိုးတာမျိုးနဲ့ သေစေချင်နေမလားပဲ၊ နောက်ဆုံး သူမက သူ့ကိုလည်း ထောင်ဖမ်းခဲ့တာပဲလေ”

“....”

ရှန်ချန်းသည် ရုတ်တရက် ဆွံ့အသွားပြီး သူ့နှလုံးသားသည် ကုချင်းယွီကို မုန်းတီးစိတ်ကြောင့် တရွရွ ဖြစ်နေသော်လည်း အကြောင်းအရင်းတချို့ကြောင့် မြင်မြင်ချင်း ချစ်အောင်လုပ်နိုင်ခဲ့ပြီး သူသိလာချိန်၌  သူ လက်လှမ်းမမှီနိုင်တော့မှန်း သိသွားအောင် လုပ်ခဲ့သည့် သည်မိန်းမကို ပို၍ စိတ်ဝင်စားသွားတော့သည်။

“ကုချင်းယွီ မင်းသာ အရင်ကတည်းက တွမ့်ရှင်းယွမ်နဲ့ မချစ်ခဲ့ဘူးဆိုရင် ငါ ရှန်ချန်း မင်းကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး”

အနည်းဆုံးတော့ သူမကို သူလက်မလွှတ်နိုင်တဲ့ပုံစံက.... သူမကို ပိုင်ဆိုင်ရပြီး သူ့ဆီ အညံ့ခံလာပြီး သူ့အမျိုးသမီးဖြစ်လာစေချင်တာလေ။

ကံဆိုးချင်တော့... သူ အရမ်းနောက်ကျသွားတယ်။ သူမကို တွမ့်ရှင်းယွမ်က ယူသွားပြီ။ ရှန်မိသားစုက အခြေအနေ မဆိုးဘူးဆိုပေမဲ့ သူတို့တွေက တွမ့်မိသားစုကို ဘယ်တုန်းကမှ အမှားမလုပ်ရဲခဲ့လေဘူး...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now