အပိုင်း (၁၈၅) ကုချင်းယွီ နင်ကဘာလို့ ဒီကိုရောက်နေတာလဲ
သေချာနေပါပြီ။ ဆရာက သူ့သားကြောင့် ရောက်လာခဲ့တာပဲ။ ဟုတ်တယ်မလား။
တွမ့်ရှင်းယွမ်၏အဖေသည် ခခယယဖြင့်
“ ကျေးဇူးတင်ပါတယ်ဆရာရယ်၊ အချိန်ပေးပြီး ရှင်းယွမ်နဲ့ ရှောင်အိုက်တို့ မင်္ဂလာပွဲကို လာပေးတာ..... ဆရာတက်ရောက်လာတာက တွမ့်မိသားစုအတွက် ကောင်ခြင်းတစ်ခုပါပဲ....”
မုရွှမ်ချင်က ဘာမှမပြောပေ။ သူသည် အသာအယာခေါင်းညိတ်လိုက်ပြီး ချန်ရန်အား လက်ဖွဲ့ငွေပေးရန် အချက်ပြလိုက်တော့သည်။
တွမ့်ရှင်းယွမ်အဖေ၏ အပြုံးတော့မှာ ပါးစပ်နားရွက်တက်ချိတ်တော့မည့်နှယ်။
သို့သောငြား တွမ့်ရှင်းယွမ်ကတော့ ရူးတော့မည်။ သူ ဘယ်သူ့ကို မြင်နေရတာလဲ။
ဆရာ။
ဆရာက သူ့မင်္ဂလာဆောင်ကိုလာတာက ဟုတ်ပါပြီ။ ဒါပေမဲ့ သူနဲ့အတူ ကုချင်းယွီးကို ခေါ်လာခဲ့တာလား။
ကုချင်းယွီ....
တွမ့်ရှင်းယွီသည် ကုချင်းယွီကို တွေ့လိုက်တော့ သူ့နှလုံးသားမှာ ထိန်းမတော့ဘဲ ယိမ်းယိုင်သွားတော့သည်.
သူမ... သူမှတ်မိထားသလို လှနေတုန်းပဲ။ ထင်ယောင်ထင်မှား ဖြစ်တာလား ဆိုတာ မသိတော့ပေမဲ့ သူမရဲ့အသားအရေက ပိုလှပြီး နူးညံ့လာသလိုပဲ....ပြီးတော့ သူမကိုကြည့်ရတာ တောက်ပနေသလိုပဲ သူ့မျက်လုံးကိုတောင် သူမဆီကနေ မခွာနိုင်တော့ဘူး။
“ ရှင်းယွမ် လာလာ ဆရာ့ကို နှုတ်ဆက်လိုက်အုံး....”
တွမ့်ရှင်းယွမ်၏အဖေက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် တွမ့်ရှင်းယွမ်ကို လှမ်းအော်လိုက်သော်လည်း တွမ့်ရှင်းယွမ်က .....
ဆရာ့ဘေးက အမျိုးသမီးအဖော်ကို ငေးကြည့်နေတာလား။
သူ့နှုတ်ခမ်းထောင့်မှာ မဲ့ရွဲ့သွားပြီး စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားတော့သည်။ သူ့အကြီးဆုံးသားက ဆရာ့အမျိုးသမီးကို မက်မောရလောက်အောင်တော့ မအ,သေးပါဘူးလေ ဟုတ်တယ်မလား။
YOU ARE READING
အကြီးဆုံးမမလေးက မူမမှန်
Fantasyလူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တ...
