အပိုင်း ( ၃၅) ကိုယ့်ဟာကိုယ် ဖုံးကွယ်ခြင်းအောင်မြင်

2K 226 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၃၅) ကိုယ့်ဟာကိုယ် ဖုံးကွယ်ခြင်းအောင်မြင်

သူမသည် သည်နေ့ ကော်ဖီဆိုင်တွင် ရိုက်ယူခဲ့သည့် ဗီဒီယိုကို အွန်လိုင်းပေါ်တွင် အမည်မသိသူတစ်ယောက်နေဖြင့် တွေဝေခြင်းမရှိဘဲ တင်လိုက်ပြီး သူမ၏ နည်လမ်းဟောင်းကို ပြန်သုံးကာ ဗီဒီယိုကို ရှာဖွေမှုအများဆုံးစာရင်း၏ ပထမဆုံးနေရာသို့ ရောက်အောင် ချက်ချင်း လုပ်လိုက်တော့သည်။

ဝေ့ပေါ် ပရိုဂရမ်မာများသည် အကြီးအကျယ် စိတ်ပျက်သွားတော့သည်။ သူတို့သည် ပြီးခဲ့သည့်တစ်ခေါက်က တိုက်ခိုက်ခံလိုက်ရသည်ဟု ခံစားမိသော်လည်း ကုချင်းယွီ၏ဝေ့ပေါ်ပိုစ့်သည် ဆယ်မိနစ်အောက်သာ လူသိများခဲ့သည်ဖြစ်ရာ ထင်ယောင်ထင်မှား ဖြစ်သည်ဟုသာ ခံစားရစေလေသည်။

သို့သော် သည်တစ်ကြိမ်တွင်တော့ သူတို့သည် ဟက်ခံလိုက်မှန်း သေချာသိသွားတော့သည်။ ပထမဆုံး ရှာဖွေမှုအများဆုံးနေရာသည် သူတို့နှင့် စာချုပ်ချုပ်ထားပြီးသား နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်လေသည်။ ထို့အစား လင်းဟန်ကျောက်နှင့် ကုချင်းချန်တို့၏ဗီဒီယိုသည် ရှာဖွေမှုအများဆုံးနေရာတွင် တစ်နာရီခန့် ရှိနေပြီး သူတို့ ဘာပဲလုပ်လုပ် ထိုဗီဒီယိုကို ဖြုတ်ချလို့မရချေ။

ထို့အပြင် ဗီဒီယိုသည် အလွန်ရေပန်းစားလာပြီး အသည်းအသန် ဆွေးနွေးမှုတစ်ခု ဖြစ်သွားစေတော့သည်။ တစ်နာရီကြာပြီးနောက် သူတို့ ထိန်းချုပ်မှုပြ န်ရလာသည့်အချိန်၌ ရှာဖွေမှုအများဆုံး dataသည် သူတို့ ဖိနှိပ်လို့ မရနိုင်တော့သည့် အဆင့်တစ်ခုသို့ ရောက်သွားတော့သည်။

ရှာဖွေမှုအများဆုံးနေရာအတွက် ဝယ်ယူထားသည့် သရုပ်ဆောင်၏စတူဒီယိုက သူတို့ကို အချိန်ဇယား ပြန်လုပ်ပေးရန် ဖုန်းခေါ်လာတော့သည်။ ကြားဖြတ်သတင်းများလည်း ရောက်နေပြီး သူတို့၏သတင်းများကို သည်အချိန်မှ ထုတ်ပြလိုက်လျှင် သူတို့လိုချင်သည့်အခြေအနေကို လုယူခံလိုက်ရတော့မည်ဖြစ်ရာ မတတ်သာတော့ဘဲ သဘောတူလိုက်ရတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now