အပိုင်း (၁၄၇) လွှတ်လိုက်

614 80 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၄၇) လွှတ်လိုက်

ကုချင်းယွီက သူ့လက်ကို မြန်မြန်ရှောင်လိုက်သော်လည်း ထိုလူက သူမ၏လက်ကို ဖမ်းဆုပ်ထားဆဲ။ သူမ မျက်မှောင်ကျုံ့လိုက်ပြီး

“ လွှတ်”

ထိုလူက သူ့မျက်လုံးများကို သရော်နေဟန် ကျဥ်းမြောင်းထားလိုက်လေသည်။

“ မိန်းကလေးကု မင်းအဖေက ငါ့ကို အရမ်းချစ်တာလေ၊ အခု မင်းရဲ့သတို့သားလောင်း အဟောင်းရဲ့မိသားစုကလည်း သူတို့ရင်းနှီးထားတဲ့ ငွေတွေကို ပြန်ထုတ်သွားပြီ၊ ကုမ္ပဏီမှာ မင်းအဖေရဲ့ရာထူးက မသေချာတော့ဘူး... မင်း ငါ့ကို လက်လွှတ်စေချင်တာ... သေချာလား”

ကုချင်းယွီ အေးစက်စက်ဖြင့် ပြောလိုက်လေသည်။

“ ဟုတ်တယ် လွှတ်”

ထိုလူသည် သူမလက်ကို ပိုတင်းနေအောင် ဆုပ်ကိုင်ထားရာ လက်မောင်းမှ နာကျင်မှုတို့သည် ဦးနှောက်ဆီသို့ လျင်လျင်မြန်မြန် ရောက်သွားသည်ကိုခံစားလိုက်ရပြီး မျက်လုံးများသည် မထိန်းနိုင်အောင် နီရဲသွားတော့သည်။

သူမ၏မျက်နှာနှင့် နီရဲနေသည့်မျက်လုံးများကို စိုက်ကြည့်ရင်း ထိုလူ၏ပျော်ရွှင်မှုက အသည်းတယားယား ဖြစ်သွားလေသည်။

ဒီလောက်လှတဲ့မျက်နှာနဲ့ အသားအရေရှိတဲ့ ကုမိသားစုရဲ့ ဒီသခင်မလေးက ကမ္ဘာပေါ်မှာ ထူးထူးခြားခြားအလှတဲ့ မွေးဖွားလာတာပဲ။ တော်ဝင်မြို့တော်က ဆွေကြီးမျိုးကြီးယောက်ျားတွက သူ့ကို မြင်မြင်ချင်း ချစ်မိတာ သိပ်တော့မဆန်းပါဘူး...

တကယ်တော့ သူလည်း ကုချင်းယွီကို သဘောကျနေတာ ကြာပြီလေ။ သူမှမဟုတ်ပါဘူး ကုချင်းယွီကို အပြင်မှာတွေ့ဖူးတဲ့ Sမြို့က ယောက်ျားတိုင်းက လိုချင်နေကြတာပဲ၊ တွမ့်ရှင်းယွမ် ဘေးမှာရှိနေလို့သာ တွမ့်ရှင်းယွမ်ရဲ့ အင်အားကို မယှဥ်နိုင်လို့ တွမ့်ရှင်းယွမ်က သူတို့ထက်တောင် ပိုအင်အားကြီးနေလို့ သူမှာ မနာလိုအားကျစိတ်နဲ့ ကြည့်နေရတာလေ။ သူမရဲ့တည်ရှိမှုကိုတောင် သိခွင့်မရသလို သူတို့ကလည်း တွမ့်ရှင်းယွမ်ကို အပြစ်မလုပ်ရဲကြလို့ပေါ့...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now