အပိုင်း (၁၇၆) အမှန်တကယ်ပဲ အပြန်အလှန်ဖြစ်တည်ပေးနေတာ

318 45 0
                                    

အပိုင်း (၁၇၆) အမှန်တကယ်ပဲ အပြန်အလှန်ဖြစ်တည်ပေးနေတာ

မုရွှမ်ချင်သည် သူ့ကိုယ်သူ ပိတ်လှောင်ထားလိုက်တော့သည်။

အချိန်ကာလတစ်လျှောက်လုံး....

သူမ ပေါ်လာသည် အထိပင်။

သူမသည် သူ့ကို မကြောက်သလို သူကလည်း သူမ၏အထိအတွေ့ကို မငြင်းဆန်ပါချေ။ အကြောင်းမှာ သူ့မူမမှန်သည့်ခန္ဓာကိုယ်ကြောင့် သူမ ဘာမှဖြစ်လာလိမ့်မည် မဟုတ်မှန်း သိနေသာကြောင့်ပင်။

သူမက သူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရသည်ကိုပင် အလွန်သဘောကျသေးသည်။

ထို့အပြင် သူ့သွေးကိုလည်း အရသာရှိသည့် အစားအစာတစ်ခုလို စွဲလမ်းနေသေးသည်...

“ အင်း”

ကုချင်းယွီသည် သူက သူ့သွေးကို အဆိပ်ပြင်းသည်ဟု အဘယ်ကြောင့် တွေးနေမှန်း မသိချေ။ သူမက သူ့အား အခိုင်အမာ ပြောလိုက်သေးသည်။

“ ရှင့်သွေးက အဆိပ်မဟုတ်ပါဘူး၊ စွမ်းအင်တွေပါ၊ ရှင့်ခန္ဓာကိုယ်က ဒီလောက်များတဲ့စွမ်းအင်တွေကို မထိန်းချုပ်နိုင်လို့ပါ ဒါကြောင့် ပြဿနာတွေဖြစ်လာတာ”

ထိုသို့ကိစ္စမျိုးသည် သူမ၏ဂြိုဟ်တွင်လည်း ဖြစ်တတ်လေသည်။ လူအားလုံးတွင် သူတို့စုပ်နိုင်သည့် စွမ်းအင်ပမာဏ အကန့်အသတ်တစ်ခု ရှိသည်။ သူတို့သည် ထပ်ပြီး မသိုလှောင်နိုင် ၊ မချေဖျက်နိုင်လျှင် သူတို့၏ခန္ဓာကိုယ်ထဲတွင် သဘာဝအလျောက် ပြဿနာများ ဖြစ်လာလိမ့်မည်။

သို့သော် သူ့သွေးတွင် အဘယ်ကြောင့် စွမ်းအင်များပါ ရှိနေပြီး၊ သည်စွမ်းအင်က အဘယ်ကြောင့် အလိုလိုထုတ်လုပ်နေသည်ကို သူမ သိချင်သွားတော့သည်။

သို့သော်ငြား ယခုတော့ သည်ကိစ္စများက အဓိကအကြောင်းအရာမဟုတ်ချေ။

အဓိကအချက်မှာ...

ကုချင်းယွီ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး သူမရှေ့ကလူကို ကြည့်လိုက်လေသည်။

“ ဆရာ အရမ်းများနေတဲ့ ရှင့်စွမ်းအင်တွေက ရှင့်ခန္ဓာကိုယ်ကို ဖျက်ဆီးနေတာ၊ ပြီးတော့ ကျွန်မက ရှင့်စွမ်းအင်တွေကို လိုတယ်၊ ကျွန်မတို့ကလေ တကယ်ပဲ အပြန်အလှန်ဖြစ်တည်မှုမျိုး ရှိနေကြတာပဲနော်”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now