အပိုင်း (၉၈) အစ်ကိုကြီးမှာလည်း ဒီလိုကိစ္စမျိုး ဖြစ်တတ်ပါတယ်

2.9K 233 1
                                        

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၉၈) အစ်ကိုကြီးမှာလည်း ဒီလိုကိစ္စမျိုး ဖြစ်တတ်ပါတယ်

ချန်ကောင်းယွီသည် သူ့ကို စနောက်နေသည်မှာ သိသာလေသည်။ နောက်ဆုံး သူနှင့် မုရွှမ်ချင် နှစ်ယောက်လုံးသည် ပိုင်ရှို့ချီ၏တပည့်များ ဖြစ်သော်လည်း သူတို့နှစ်ယောက်ကြားတွင် အမြဲတမ်းနာမည်ကြီးသူမှာ မုရွှမ်ချင်ဖြစ်လေသည်။ ထို့ကြောင့် တစ်ယောက်ယောက်က သူကို လက်ဆောင်ပေးပြီး မုရွှမ်ချင်ကို မပေးသည့်အဖြစ်မှာ ရှားရှားပါးပါးပင်။ သူသည် အနည်းငယ် ပီတိဖြစ်သွားတော့သည်။

လက်ဖက်ရည်ပန်းကန်ကို မယူရန် ပြင်လိုက်သည့် မုရွှမ်ချင်၏လက်သည် တုံ့ဆိုင်းသွားပြီးနောက် ကုချင်းယွီကို ကြည့်လိုက်လေသည်။

ဟုတ်သားပဲ။ သူမ သစ်ခွပန်းအိုး နှစ်လုံးပဲ ယူလာတာပဲ။ ဆရာ့အတွက် တစ်ခုနဲ့ ဒုတိယညီလေးအတွက်တစ်ခု သူ့ကို မမြင်တဲ့အတိုင်း  ထည့်တောင်မပြောဘူး။

မုရွှမ်ချင်သည် အရာရာပြည့်စုံသလို သူ့စတိုခန်းထဲတွင် လက်ခံရရှိထားသည့် လက်ဆောင်များနှင့် ပြည့်နေသည့်အပြင် မည်သူကမှ သူလိုချင်သည့် လက်ဆောင်မျိုး ပေးခဲ့ဖူးခြင်းမရှိချေ။

ထို့အပြင် သူသည်လည်း ဘာလက်ဆောင်ကိုမှ လက်မခံချင်ခဲ့ချေ။ အကြောင်းမှာ လူများက သူ့ထဲက တစ်ခုခု ပြန်လည်ရယူလိုမှုကြောင့် လက်ဆောင်များကို ပေးသည်ဖြစ်ရာ စိတ်အနှောင့်အယှက်ဖြစ်ရသည်သာ ရှိလေသည်။

ထိုအချိန်ကတည်းက သူသည် စိတ်ပျက်သွားပြီး ဘာလက်ဆောင်ကိုမှ မမျှော်လင့်ခဲ့တော့ချေ။

သို့သော် သည်အခိုက်တန့်တွင်တော့ သူသည် မျက်ခုံးများကို ပင့်လိုက်ပြီး ကုချင်းယွီကို ကြည့်လိုက်လေသည်။

ချန်ကောင်းယွီ ပြောတာ ဟုတ်သားပဲ။ သူမဘာလို့ ဆရာနဲ့ ဒုတိယညီလေးကိုပဲပေးပြီး သူ့ကို မပေးတာလဲ။

ချန်ကောင်းယွီ၏ မျက်နှာပေါ်တွင် သဘောသည့်ပုံရိပ်တစ်ခုပေါ်လာပြီး အကြီးဆုံးတပည့်လေး၏ မျက်နှာအမူအရာမှာ သည်ကိစ္စကို သေသေချာချာ စဥ်းစားနေဟန်တူရာ ပိုင်ရှို့ချီသည် အံ့ဩသွားပြီး သူ့မျက်လုံများက အပြုံးတစ်ခုဖြစ်သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now