အပိုင်း ( ၈၆) မကောင်းတဲ့ နိမိတ်ဆိုးတစ်ခု

1.3K 173 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၈၆) မကောင်းတဲ့ နိမိတ်ဆိုးတစ်ခု

သို့သော် ဆရာသည် မုမိသားစုကမှန်းတော့ လူတိုင်းသိကြလေသည်။ သူတို့သည် သူ့ကို မြှောက်ပင့်လို့လဲ မရသလို သူနှင့် တွေ့ဆုံရန်လည်း အခွင့်အရေးများများမရှိရာ သူတို့သည် ဒုတိယမြောက်ကျေးဇူးရှင်အနေဖြင့် မုမိသားစုကို အလွန်မျက်နှာပေးကြလေသည်။

သည်နည်းလမ်းသည် အလုပ်ဖြစ်လေသည်။ ဆရာက မုမိသားစုအပေါ် ကောင်းသူအားလုံးကို မှတ်သားထားပြီး သူတတ်နိုင်သည့် အချိန်ကျလျှင် ကူညီပေးဖို့ မမေ့ချေ။

ထို့ကြောင့် သည်အခိုက်တန့်တွင် မုအိုက်သည် မုရွှမ်ချင်ကို ရင်းနှီးနေသည်ဟုသာ ထင်လိုက်လေသည်။ အကြောင်းမှာ မုရွှမ်ချင် ပျောက်ကွယ်သွားစဥ်က မုအိုက်မှာ ၅နှစ် ၆နှစ်သာရှိသေးသည်။ မုမိသားစုသည် မိသားစုဆက်ခံသူနေရာကို မျှမျှတတ ရွေးချယ်ထားရာ သူမသည် အိမ်ဟောင်းတွင် မနေဘဲ သူမ၏မိဘများနှင့်အတူ မြို့တွင် နေပြီး နှစ်သစ်ကူးပိတ်ရက်မှသာ အိမ်ဟောင်းသို့ အလည် ပြန်လာတတ်သည်... ထို့ကြောင့် မုအိုက်သည် မုရွှမ်ချင်ကို မမှတ်မိခြင်းပင်။

သူမသည် သူ့အား ငေးကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။

တော်သေးတာပေါ့ ပိုင်ရှို့ချီက တကယ်ပဲ သူ့မိတ်ဆွေကို သွားရှာတာ။ သူ ဒီကိုရောက်လာတာ ကုချင်းယွီရဲ့ပန်းချီကားကြောင့် မဟုတ်သ၍....

သို့သော်ငြား နောက်အခိုက်အတန့်တွင်တော့ ထိုယောက်ျားသည် ကုချင်းယွီ၏ပန်းချီကား ရှေ့တွင် ရပ်နေသည်ကို သတိထားမိသွားတော့သည်။ ပိုင်ရှို့ချီနှင့် စကားပြောလိုက်ပြီးနောက် သူသည် ပန်းချီကားကို ကြည့်လိုက်ရာ ပိုင်ရှို့ချင်လည်း ပန်းချီကားကို ကြည့်မိသွားတော့သည်။

သူ့မနှလုံးသားထဲတွင် ချမ်းစိမ့်စိမ့် ခံစားချက်တစ်ခု ဖြတ်ပြေးသွားတော့သည်။

သူမတွင် နိမိတ်ဆိုးတစ်ခု ရှိခဲ့၏။

ထို နိမိတ်ဆိုးသည် အမှန်တကယ် ဖြစ်လာတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now