အပိုင်း (၁၂၁) နှလုံးသားတွေက တစ်ထပ်ထဲ

887 109 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၂၁) နှလုံးသားတွေက တစ်ထပ်ထဲ

သူမ၏စိတ်ရင်းမှန်ကို မြင်လိုက်ရပြီးနောက် သန့်ရှင်းစင်ကြယ်သည့်နာကျင်ခံစားမှုက သူ့ရင်ကို လှုပ်ခတ်သွားလေရာ တစ်စုံတစ်ယောက်၏နွေးထွေးမှုကို လိုအပ်ခဲ့ဖူးသည့် လွန်ခဲ့သည့်အချိန်များကို သတိရမိသွားသယောင်...

သို့သော် ယခုတော့ သူသည် အင်အားရှိလာပြီး တခြားလူများအတွက်လည်း ထူးခြားဆန်းကြယ်သည့် ဆရာ ဖြစ်ကာ  သူ့ကို စိတ်အနှောင့်အယှက်ပေးမည့် မည်သူ့ကိုမှလည်း မလိုတော့သည့် ဆရာ ဖြစ်ပြီး မည်သူကမှလည်း လာအနှောင့်ယှက်မပေးရဲချေ။

သူမ တစ်ယောက်သာ လုပ်ရဲလေသည်။

သူမ၏နာကျင်ခံစားမှုက သူ အင်အားမရှိခင်က သူ့ပုံစံအမှန်အတိုင်း ရှိခဲ့ဖူးသည့်အချိန်ကို သတိရသွားစေတော့သည်...

ထို့ကြောင့် သူကိုယ်သူ ဆုတစ်ခု ပေးခဲ့ခြင်းပင်။

အစကတည်းက မရှိခဲ့သင့်သည့် ဆုလာဘ်တစ်ခု။

သူမကို အင်မတန် ရှုပ်ထွေးလွန်းလှသည့် သူ့ဘဝထဲ ဆွဲမထည့်ချင်ခဲ့ပေ။

သို့သော် သည်အခိုက်အတန့်တွင် သူနှလုံးသားက သူ့ကိုယ်တိုင်အတွက် နာကျင်ရပြီး သူ့ကို အနှောင့်အယှက်ပေးနေသည့် သည်အမျိုးသမီးကို လွှတ်မပေးချင်ခဲ့ပေ...

ဆုလာဘ်သည် သူမအတွက် မဟုတ်ဘဲ သူကိုယ်တိုင်အတွက် ဖြစ်တော့သည်။

သူ ဒါကို နောင်တရနေတာလား။

ကြည့်ရတာ....

အင်း နောင်တရမိတယ်။

ဒါပေမဲ့ ဒီလို ထပ်လုပ်အုံးမှာလားဆိုတော့

အင်း လုပ်မိမှာပဲ။

သူ လုပ်မိအုံးမှာပဲ။

ဒီတော့ နောင်တရစရာအကြောင်း တော့မရှိပါဘူး...

သူ့အတွေးများကို ရှင်းထုတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ တံခါးဆီသို့ လျှောက်လာခဲ့သော်လည်း တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ကုချင်းယွီ၏မျက်လုံးနှင့် သွားဆုံလေတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now