အပိုင်း ( ၅၈) ဘယ်လိုခေါ်လိုက်တယ်

1.6K 209 3
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၅၈) ဘယ်လိုခေါ်လိုက်တယ်

ကုချင်းယွီသည် သရော်ဟန်ဖြင့် အသာအယာ ရယ်မောလိုက်လေသည်။

ငါလေးက သူ့အိမ်ကထွက်လာတာ မိနစ်လေးဆယ်တောင် ကျော်သွားပြီ၊ မုရွှမ်ချင်ကြောင့်သာ မဟုတ်ရင် အခုချိန်လောက်ဆို ငါလေးရဲ့ခြေထောက်တွေ စုတ်ပြတ်နေလောက်ပြီလေ။ ငါလေးက သူတို့အိမ်ခြံဝင်းအပြင်အထိ ဝမ်းနည်းပမ်းနည်းနဲ့ လျှောက်လာခဲ့ရတာ။ ဒီလိုရာသီဥတုနဲ့ ကားတစ်စီးတောင် ရှာမရခဲ့ဘူး။ သူတို့နေရာမှာ လူရော ကားရော ဘာအရိပ်အယောင်မှ မမြင်ရလို့လေ။

ဒီအချိန်မတိုင်ခင်အထိ သူ ငါလေးကို မတွေးခဲ့မိဘူးမလား။

ဖေးဖေးသည် သူမ တွမ့်အိမ်တော်ကို ရောက်စဥ် လျှို့ဝှက်စုံစမ်းခဲ့ပြီးဖြစ်လေသည်။

သို့သော် သူတို့ကြား လက်ထပ်ပွဲသဘောတူထားသည်မှာ ရှိနေသေးရာ ပြီးစီးအောင်လုပ်ဖို့ လိုသေးသည်။ ထို့ကြောင့် သူမသည် ဖုန်းပြန်ဖြေလိုက်လေသည်။

“ချင်းယွီ ညီမဘယ်မှာလဲ”

တွမ့်ရှင်းယွမ်၏အသံသည် အနည်းငယ်စိုးရိမ်နေလေသည်။

သူ အဘိုးနဲ့ စကားပြောပြီး ထွက်လာတော့ အိမ်ကဒရိုက်ဘာကို တွေ့လိုက်ရတယ်လေ။ အဲတော့မှ အိမ်ကဒါရိုက်ဘာက ကုချင်းယွီကို ဟိုတယ်ကို မပို့ပေးမှန်းသိလိုက်ရတာ။ သူတို့တွေ သူမအတွက် ဟိုတယ်တောင် ဘွတ်ကင် လုပ်ပေးခဲ့မှာမဟုတ်ဘူး။ တကယ်တော့ သူမ လေယာဥ်ပေါ်က ဆင်းလာတာနဲ့ ချက်ချင်း အဘိုးရဲ့လူတွေကို ဒီကို ချက်ချင်းခေါ်လာခဲ့တာပဲ....

တွမ့်ရှင်းယွမ်သည် ဧည့်ခန်းထောင့်က ခြေရာလက်ရာ မပျက်သေးသည့် လက်ဆောင်ပုံကြီးကို ကြည့်လိုက်ပြီး သူ့စိတ်တို့မှာ မွန်းကြပ်သွားတော့သည်။

ဒီလက်ဆောင်တွေအားလုံးကို သူမက ဂရုတစိုက် ပြင်ဆင်လာခဲ့တာပဲ၊ ဟုတ်တယ်.....

ဒါတောင် သူ့အဘိုးက သူမကို ဒီအထိ ဖိတ်ပြီး ဒီလိုစကားတွေကို ပြောခဲ့တာ.....

သူမလည်း အဘိုးကို အကြင်နာမဲ့တဲ့ စကားတွေ ပြန်ခဲ့တာ မဆန်းပါဘူး...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now