အပိုင်း ( ၇၃) ပျောက်ကွယ်သွားဖို့ရန်က မစွမ်းသာ

1.5K 193 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၇၃) ပျောက်ကွယ်သွားဖို့ရန်က မစွမ်းသာ

သူမ၏နှုတ်ခမ်းသား၏နွေးထွေးမှုက သူ့နှုတ်ခမ်းများပေါ်တွင် ကျန်ရစ်နေဆဲ။ မုရွှမ်ချင်၏ မျက်ခုံးများသည် တင်းကြပ်စွာ တွန့်ချိုးသွားတော့သည်။

ဘာလို့လဲ။

သူမ သူ့ကို အခုလေးတင် နမ်းလိုက်တုန်းက ဘာလို့ နှလုံးခုန်မြန်သွားတာလဲ။

သူသည် တခြားလူများ၏ ထိန်းချုပ်ခံရသည့် ခံစားချက်ကို မနှစ်သက်ချေ။ ထိုအကြောင်းပြချက်ကြောင့်ပင် သူ့မိသားစုနှင့် ၁၅နှစ်ကြာ သံယောဇဥ်ဖြတ်ခဲ့ပြီး သူ့ကြောင့် သူမိသားစုထံတွင် မကောင်းသည့် ကိစ္စများ ဖြစ်လာမည့်အရေးကို တားဆီးနိုင်သည့် အင်အား ရှိလာပြီးနောက်ပိုင်းမှ မိသားစုနှင့် တိတ်တဆိတ် ပြန်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အပေါ်ယံတွင်တော့ အားလုံးက သူပျောက်ကွယ်သွားပြီဟုသာ ထင်ခဲ့ကြ၏။

တော်ဝင်မြို့တော်က မုမိသားစုသည် သူ့ကြောင့် နှစ်ပေါင်းများစွာ အရိပ်အာဝါသရခဲ့ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။ သို့သော် အနည်းအကျဥ်းသောသူများကသာ သူ့ကို မုမိသားစုဝင်ဟု သိကြလေသည်။

သူသည် အိမ်သို့ လုံးဝမပြန်ခဲ့ချေ။ အထူးသဖြင့် လွန်ခဲ့သည့် ဆယ်နှစ်က သူ့အဘိုး ဆုံးပါးသွားပြီးနောက် ထိုအိမ်သို့ ပြန်ရန် အကြောင်းပြချက် မရှိတော့ချေ။

သူ့ဘေးတွင်  မည်သူတစ်ဦးတစ်ယောက်ကိုမှ မရှိစေချင်ပေ။ ထို့ကြောင့် ချန်ရန်ကိုပင် သူတို့၏ ဆက်ဆံရေးအတွင်း သံယောဇဥ် မကြီးမိအောင် ကြိုးစားခဲ့ရသည်။ ယခု သူတို့ကြားတွင် ရှိသည်က ရင်းနှီးသည်ဆိုရုံလောက်သာဖြစ်ပြီး အကျင့်တစ်ခုသက်သက်ပင်။

သူတို့အားလုံးသည် သူ့အား လေးစား ကြောက်ရွံ့ကြပြီး သည်အရာကို ပြောင်းလဲလို့ မရမှန်းလည်း သူသိလေသည်။

ဒါကပင် အလုံခြုံဆုံးအကွာအဝေးပင်။

သူသည် ပျောက်ဆုံးသွားလျှင် သို့မဟုတ် ဆိုးဆိုးရွားရွားသေဆုံးခဲ့လျှင်တောင် သူတို့သည် ထိုအရာကြောင့် ခံစားရမှာမဟုတ်ပေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now