အပိုင်း (၉၁) ဂျူနီယာညီမလေး

1.3K 166 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၉၁) ဂျူနီယာညီမလေး

ထို့အပြင် မုရွှမ်ချင်က သူမကို စကားပြောလိုက်လျှင် သူ့မျက်နှာတွင် ကူကယ်ရာမဲ့နေသည့်ဟန် ဖြစ်နေသည်။ ဒီကောင်မလေးက သူ့ကို အရမ်း ကျီစယ်ပြီး စနောက်နေတာပဲ။ ဒါပေမဲ့ သူက ဒေါသလည်း မထွက်သလို လုံးဝလည်း မခုခံဘူး...

ပိုင်ရှို့ချီသည် တစ်နည်းနည်းဖြင့် စိတ်အေးသွားတော့သည်။

သူ စိတ်အေးရပါသည်။

မုရွှမ်ချင် ဒီကလေးက သူ့နှလုံးသားကို အကွဲခံပြီး သူ့လက်ကျန်ဘဝကို တစ်ယောက်ထဲ ဖြတ်သန်းလာတာပဲ။ သူ အများကြီး သည်းခံလာခဲ့ပြီးပြီ။ နိုင်ငံနဲ့လူမျိုး အတွက်လည်း ကောင်းကျိုးတွေ အများကြီး ထမ်းခဲ့ပြီးပြီ။ ဒါပေမဲ့ ထူးခြားတဲ့ အကြောင်းတချို့ကြောင့် သူ့ကိုယ်သူ ရင်းနှီးခွင့်လဲ မပေးခဲ့သလို တစ်ချိန်လုံး တစ်ယောက်ထဲ နေခဲ့တာပဲ...

နှစ်ပေါင်းများစွာ ကွဲကွာသွားပြီး ပထမဆုံး ပြန်တွေ့ရတုန်းက ပိုင်ရှို့ချီက သူ့အတွက် နည်းနည်း ဝမ်းနည်းမိခဲ့သေးတယ်။

သူ့အရင် ပုံစံကိုပဲ ပြန်ပြောင်းသွားတာဖြစ်ဖြစ် ၊ ပန်းချီကို ပြန်ဆွဲဆွဲ မဆွဲဆွဲ မုရွှမ်ချင်နားမှာ သူ့ကို နားလည်ပေးနိုင်တဲ့သူတစ်ယောက်၊ သူနဲ့ လက်တွဲဖော်အဖြစ် လက်ခံပေးနိုင်တဲ့သူ ၊ တစ်ချိန်လုံး သူ့ကို အထီးမကျန်စေတဲ့သူမျိုး ရှာတွေ့ဖို့ ဆုတောင်းမိခဲ့တာ....

ပြီးတော့ ဒီကောင်မလေးက လှပြီး သွက်လက်တက်ကြွတယ်။ မုရွှမ်ချင်ရဲ့ စကားကို ကြားလိုက်တာနဲ့ သူ့ကို တွဲခိုထားတာကို ရပ်လိုက်ပြီး ပြုံးရင်း သူ့ကို နှုတ်ဆက်လာတော့တာပဲ။

“ မင်္ဂလာပါ မစ္စတာပိုင်”

ပိုင်ရှို့ချီသည် ခေါင်းကို တွင်တွင်ညိတ်လိုက်လေသည်။ သူသည် ကုချင်းယွီ၏ပန်းချီကားကို ကြိုက်ရုံတင်မက ယခုတော့ သူမကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်လာတော့သည်။

“ မင်းက ပန်းချီဆရာကောင်းတစ်ယောက်ပဲ”

သူက ပြုံးကာ ပြောလိုက်၏။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now