အပိုင်း ( ၉၅) ညီမလေး မင်းအဲလောက် မျက်နှာလိုက်လို့မရဘူးလေ

1.1K 154 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၉၅) ညီမလေး မင်းအဲလောက် မျက်နှာလိုက်လို့မရဘူးလေ

“ ဟုတ် စီနီယာအစ်ကို”

ကုချင်းယွီသည် ချက်ချင်းပင် အမှန်ပြင်လိုက်လေသည်။

မုရွှမ်ချင်၏လက်သီးများသည် တင်းကြပ်နေပြီး သူမမျက်နှာပေါ်က အပြုံးကို ကြည့်နေလိုက်သည်။

အင်း။ ‘စီနီယာအစ်ကို’ ဆိုတဲ့စကားက သူ့အတွက် သီးသန့်မဟုတ်ဘူးပဲ...

သူမပြောတော့ သူမက သူ့အပိုင်ပါဆို။ အခုကျတော့ သူရှိနေတာတောင် တခြားယောက်ျားတစ်ယောက် အဲလောက်ချိုသာအောင် ပြုံးပြနေရလား....

သူ့မျက်လုံးများသည် အနည်းငယ် အေးစက်သွားတော့သည်။

ချန်ကောင်းယွီသည် ရုတ်တရက်ဆိုသလို ကျောချမ်းသွားရာ ဇက်ကိုပုထားလိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်လေသည်။ ထူးဆန်းတယ်။ အပြင်မှာ မိုးလည်း မရွာနေဘဲနဲ့ ရုတ်တရက်ကြီး ဘာလို့ အေးလာတာလဲ။

ကုချင်းယွီသည် ကန်တော့ပြီးနောက် သူမဆရာ ပိုင်ရှို့ချီကလည်း သူမကို လက်ဆောင်တစ်ခု ပေးလေသည်။ ချင်မင်းဆက်၏ နာမည်ကြီးပန်းချီဆရာတစ်ယောက်၏ ပန်းချီကားတစ်ချပ်ဖြစ်ပြီး စျေးကွက်မှာ အနည်းဆုံး ဂဏန်း၆လုံး တန်ဖိုးရှိလေသည်။ သူသည် ဒီပန်းချီကားကို အလွန်သဘောကျကြောင်း သိနိုင်သော်လည်း သူသည် တွေဝေမနေဘဲ ဒီပန်းချီကားကို သူမအား တွေဝေမနေဘဲ ပေးခဲ့လေသည်။

ကုချင်းယွီတွင် စုထားသည့်ငွေက များများစားစား မရှိပေ။ ထို့အပြင် သူမသည် ငွေကို တခြားနေရာတွင် သုံးရအုံးမည်။ သို့သော် ပိုင်ရှို့ချီယူလာသည့် သီးသန့်စားသောက်ဆိုင်ထဲက အခန်းတစ်ခုတွင် သစ်ခွပန်းအိုးတစ်ခု ရှိနေပြီး သူမဆရာက သဘောကျနေသည်ကို မြင်လိုက်ရသည်။ သူမသည် သန့်စင်ခန်းသွားရင်း အချိန်ခဏ ဆွဲကာ ထွက်လာခဲ့၏။ သူမ အမှတ်မမှားလျှင် သည်နားတွင် ပန်းဆိုင်တစ်ခုရှိသည်။

သူမသည် ပန်းဆိုင်က သစ်ခွနှစ်အိုးကို ဝယ်လာခဲ့ပြီး အလုံပိတ်ထားသည့်အိတ်ဖြင့် သေချာထုတ်ပိုးလိုက်၏။ ကုချင်းယွီသည် သန့်စင်ခန်းသို့ သွားလိုက်ပြီးနောက် ပန်းအိုးနှစ်လုံးကို စင်ပေါ်တင်လိုက်ကာ သည်ကာလအတွင်း သူမ သိမ်းထားသည့် စွမ်းအင်ကို ရွှေ့ပြောင်းပြီး သစ်ခွပန်းဆီသို့ ဂရုတစိုက် ပြောင်းထည့်လိုက်လေသည်။ ဖူးနေသည့်သစ်ခွပန်းသည် ချက်ချင်း ပွင့်အာလာပြီး သန့်စင်ခန်းတစ်ခုလုံးကို သစ်ခွနံ့များဖြင့် ဖုံးလွှမ်းထားတော့သည်။ ဒါသည် သူမ၏စွမ်းအင်ကြောင့် ဖြစ်ပြီး ယွမ်အနည်းငယ်သာပေးရသည့် သာမန်သစ်ခွတစ်ပင်က သည်လိုရနံ့မျိုး ရှိနိုင်လိမ့်မဟုတ်ပေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now