အပိုင်း (၃၆) ကျေနပ်ရဲ့လား

1.9K 210 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၃၆) ကျေနပ်ရဲ့လား

တစ်ချက်ထဲထိုးအချတွင် ကုချင်းချန်၏ဂုဏ်သိက္ခာသည် ပျက်စီးသွားပြီး ကုဝမ်ချန်နှင့် ကုမိသားစုကုမ္ပဏီသည်ကိုလည်း ထိခိုက်သွားတော့သည်။

ကုဝမ်ချန်သည် ထိုအကြောင်းကို သိသွားချိန်၌ သူ့မျက်နှာမှာ မည်းမှောင်သွားတော့သည်။

သူသည် အိမ်ပြန်ရောက်ရောက်ချင်း မစ္စကု၏ပါးကို ရက်စက်စွာ ရိုက်လိုက်လေသည်။

“ သူမကို စောင့်ကြည့်ထားပြီး သူမကို လက်ထပ်ဖို့ လိမ်လိမ်မာမာနဲ့စောင့်နေအောင် လုပ်ဖို့ ငါမင်းကို ပြောထားတယ်လေ၊ ဒါပေမဲ့ မင်းကောင်းကောင်းလုပ်ခဲ့တာကိုကြည့်လိုက်စမ်း၊ မင်းက သူမကို အပြင်ပေးထွက်တဲ့အပြင် တစ်ယောက်ယောက်ကို ပြန်ပေးဆွဲဖို့တောင် ကူညီလိုက်သေးတယ်၊ အခုတော့ ကောင်းရော၊ အခု မင်းသမီးက အချုပ်ခန်းထဲမှာ ထိုင်နေရပြီလေ၊ ကျေနပ်ရဲ့လား”

မစ္စကု၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး ထိုကိစ္စက ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။

သူမသာ ကြိုသိခဲ့လျှင် ဤသို့သော ကိစ္စမျိုးကို လုပ်ခဲမည်မဟုတ်ပေ။

“ ဝမ်ချန်၊ ဝမ်ချန်ရယ် ကျွန်မ ပြောတာကို နားထောင်ပါအုံး၊ ကုချင်းယွီ လုပ်ခဲ့တာပဲ၊ အဲဒီကော်ဖီဆိုင်က ရှန်းချင်းယန် ပိုင်တာလေ၊ ချင်းချန်က ဒါကို မသိဘဲ သူမရဲ့ ထောင်ချောက်ထဲ ကျသွားတာပါ၊ ဒါတွေအားလုံးက ကုချင်းယွီကြောင့်ပဲ၊ သူမသည် ဒီလိုကိစ္စမျိုးမလုပ်ခဲ့ရင် ကျွန်မတို့တွေ လင်းဟန်ကျောက်ကို အဲဒီလူနဲ့ လက်ထပ်ခိုင်းနိုင်ခဲ့မှာ၊ ပြီးတော့ ချင်းချန်လည်း နှစ်နည်းနည်းကြာရင် ပိုကောင်းတဲ့လက်တွဲဖော် ရှာနိုင်မှာ၊ အခုတော့ သွားပါပြီ၊ ချင်းချန် ဖျက်ဆီးခံလိုက်တယ် ပြီးတော့ ရှင့်ကုမ္ပဏီလည်း ထိခိုက်သွားတယ်....ဒါတွေအားလုံးက ကုချင်းယွီရဲ့အပြစ်တွေပဲ”

အစပိုင်းတွင် မစ္စကုသည် ထိုနေရာကို ကြားလိုက်ချိန်က အများကြီး မစဥ်းစားခဲ့ချေ။ အွန်လိုင်းပေါ်က ဗီဒီယိုကို မြင်ပြီးသွားမှ ထိုကော်ဖီဆိုင်ကို ရင်းနှီးသည်ဟုခံစားလိုက်ရကာ သတိရသွားတော့သည်။ သေသေချာချာ စဥ်းစားလိုက်ပြီးနောက် ဒါသည် ရှန်းချင်းယန်’ဆိုင်မှန်း ရုတ်တရက် မှတ်မိသွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now