အပိုင်း (၄၈) တွမ့်မိသားစုအတွက် သူမကို လက်ထပ်ဖို့ လက်လွှတ်ရမယ်

1.7K 199 1
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၄၈) တွမ့်မိသားစုအတွက် သူမကို လက်ထပ်ဖို့ လက်လွှတ်ရမယ်

အဘိုးတွမ့်သည် ဤမျှလှပသည့်မိန်းကလေးမျိုးကို ငယ်ရွယ်စဥ်က တွေ့ခဲ့မည်ဆိုလျှင် သူလည်းပဲ စိတ်လှုပ်ရှားမှန်မှာပင်။

ထို့ကြောင့် သူ့မြေးလေးကို နားလည်ပေးနိုင်ပြီး တွမ့်ရှင်းယွမ်၏မိဘများ သဘောမတူသည့်ကြားက ကုချင်းယွီနှင့် စေ့စပ်ပွဲ အောင်မြင်အောင် ကူညီပေးခဲ့ခြင်းပင်။

သို့သော် ယခုတော့ အခြေအနေက ကွာခြားသွားလေပြီ။

ကုချင်းယွီသည် အစပိုင်းတွင် သန့်ရှင်းသော်လည်း ယခုတော့ မသန့်ရှင်းတော့ပေ။

သူမ၏ အရှုပ်အရှင်းဖြစ်နေသည့်မိသားစုမှာ အနေးနှင့်အမြန် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်။

ယခုမူ သူ့မြေး၏အဆင့်အတန်းသည် ကွာခြားသွားပြီဖြစ်ပြီး သူ့မြေး၏အနာဂတ်နှင့် သူတို့ တွမ့်မိသားစု၏ ပိုကောင်းလာမည့်အနာဂတ်ကို ထိခိုက်စေမည့် သည်လိုမိန်းကလေးမျိုးနှင့် ခွင့်မပြုနိုင်တော့ပေ။

ထို့အပြင် အမြဲတမ်း စကားနားထောင်တတ်သည့် သူ့မြေးသည် ယခုတော့ သည်မိန်းကလေးအတွက် သူ့ကို ခြိမ်းခြောက်စကားပင် ပြောနေတော့သည်။

သူတို့ လက်ထပ်ဖို့ ခွင့်မပြုဘူးဆိုရင် သူဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့လား။

အဘိုးတွမ့်၏မျက်နှာသည် အလွန်အကျည်းတန်သွားလေသည်။ သူသည် ဤသို့အလွယ်တကူ ခြိမ်းခြောက်ခံမည့်သူမျိုး မဟုတ်ပေ။

တွမ့်ရှင်းယွမ်သည် သူပြောလိုက်သည့်စကားက အဘိုးတွမ့်ကို ဒေါသထွက်သွားစေသည်ကို သိသွားပြီး သူသည် တစ်နည်းနည်းဖြင့် မသက်မသာပြောလိုက်လေသည်။

“အဘိုး ကျွန်တော် တောင်းပန်ပါတယ်၊ အဘိုးကို ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး...”

သူ့အဘိုးသည် အမြဲလိုလို အကြမ်းနည်းနှင့်မရဘဲ အနုနည်းဖြင့် ဆက်ဆံရမည့်သူဖြစ်လေသည်။ တွမ့်ရှင်းယွမ်သည် သူ အနည်းငယ် လမ်းလွဲသွားသည်ကို သဘောပေါက်သွားတော့သည်။ အဘိုးသည် သူ့အပေါ် အလွန်ကောင်းရာ အထူးသဖြင့် သူသဘောမတူသည့် ကိစ္စများနှင့်ပတ်သက်လျှင် သူသည် စကားပြောလို့ မကောင်းတော့ကြောင်း ကိုမေ့သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now