အပိုင်း (၁၇၇) ဟင်း... ငါတို့တွေ သူတို့နဲ့ သေချာပေါက် လက်မှတ်ထိုးရမယ်

421 55 0
                                    

အပိုင်း (၁၇၇) ဟင်း... ငါတို့တွေ သူတို့နဲ့ သေချာပေါက် လက်မှတ်ထိုးရမယ်

အစည်းအဝေးခန်းမထဲက LILA က လူများသည် ကုချင်းယွီ ပို့လာသည့် ဗီဒီယိုကို ဖွင့်ရန် အနည်းငယ်စိတ်လှုပ်ရှားနေကြလေသည်။ ဗီဒီယိုမှာ အတိုလေးဖြစ်ရာ သူတို့သည် တွေ့ဆုံရန်ပင် မလိုချေ။ ဖေးဖေးစတူဒီယိုက လူများကလည်း အလွန်ပွင့်လင်းပြီး သူတို့၏လက်ရာ အလုပ်မဖြစ်မှာကို လုံးဝစိုးရိမ်မနေဘဲ ဖိုင်ကို တိုက်ရိုက်ပို့လိုက်လေသည်။

ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် ဖေးဖေးစတူဒီယိုဆီမှ တစ်ခုခုကို မျှော်လင့်ထားပြီးဖြစ်သည့် သူဌေးလေး ရှန်ရို့ရီပင် အံ့ဩသွားတော့သည်။

စက္ကန့်သုံးဆယ်သည် အလွန်မြန်မြန်ကြီး ကုန်ဆုံးသွားပြီး ချက်ချင်း ပြီးသွားသလိုပင်။ သို့သော် ထူးထူးခြားခြား ရှည်နေသည်ဟုလည်း ခံစားရလေသည်။

အခန်းတွင် စက္ကန့်တော်တော်ကြာအောင် ရင်တထိတ်ထိတ် ငြိမ်သက်သွားကြပြီးနောက် လျှပ်တပြက်အတွင်း ပေါက်ကွဲသွားတော့သည်။

“ ဟင်း ငါတို့တွေ သူတို့နဲ့ လက်မှတ်ထိုးမှကိုဖြစ်မယ်”

ထိုစကားကို ပြောလိုက်သူမှာ ဖေးဖေးစတူဒီယိုနှင့် ပတ်သက်ပြီး အမြင်သိပ်မကြည်သည့် ထုတ်လုပ်ရေးမှူးဟွမ် ဖြစ်လေသည်။ ထိုအခိုက်တွင် ဟွမ်ယွဲ့၏မျက်လုံးများသည် တောက်ပနေပြီး ဟောလီးဝုဒ်မှလူများနှင့် ဆွေးနွေးမှု မပြေလည်သဖြင့် စိတ်ရှုပ်ထွေးမှုများက လွင့်စဉ်သွားတော့သည်။

ရှန်ရို့ရီသည် မနေနိုင်တော့ဘဲ အသံထွက်ကာ အော်ရယ်လိုက်တော့သည်။

“ ကောင်းပြီ ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်”

သူသည် ထိုအကြောင်းကို ခဏလောက်စဥ်းစားလိုက်ပြီးနောက် သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်လေသည်။

“ ဒါနဲ့ စာချုပ်နဲ့ပတ်သက်ပြီး ကျွန်တော်ပဲ စကားပြောလိုက်မယ်.... ဒီစတူဒီယိုရဲ့ ပိုင်ရှင်ကို သိရတာပေါ့၊ နောက်ဆိုရင် ကျွန်တော်တို့တွေ ရေရှည်လက်တွဲ လုပ်နိုင်လောက်တယ်”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now