အပိုင်း (၂၂) သူမရဲ့ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပ....

2.2K 243 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
အပိုင်း (၂၂) သူမရဲ့ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပ....

သူသည် ပင့်သက်ရှိုက်လိုက်ပြီးနောက် ကုချင်းယွီကို တောင်းပန်ရန် ဖုန်းခေါ်မည်ပြင်လိုက်ချိန်၌ မနေ့က ဒေါသတကြီးနှင့် သူမ၏ ဖုန်းနံပါတ်အားလုံးနှင့် ကုဝမ်ချန်၏ ဖုန်းနံပါတ်ကိုပါ  ဖျက်ပစ်လိုက်မိသည်ကို သတိရသွားတော့သည်။

သူသည် မနေ့က ကုချင်းယွီနှင့် ပတ်သက်သ ည့်အရာအားလုံးကို ဖျက်ပစ်ရန် မစောင့်နိုင်လောက်အောင် ဖြစ်ခဲ့လေသည်။ သူ့ကို လှည့်စားခဲ့သည့်မိန်းမတစ်ယောက်ကို အမှန်ပင် ချစ်ခဲ့သည်ကို ဝန်မခံချင်ခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်လိုက်မာန်ပါလုပ်ခဲ့ခြင်းပင်။

တွမ့်ရှင်းယွမ်သည် သူ့နားထင်ကို ပွတ်လိုက်ပြီး ခေါင်းကိုက်သလို ခံစားလိုက်ရတော့သည်။

သူသည် ကုချင်းယွီ၏ဖုန်းနံပါတ်ကို မမှတ်မိချေ။

ထားလိုက်ပါ။ သူ့လက်ထောက်ကို ရှာခိုင်းလို့ရသည်ပင်။

သူသည် သူမ၏နံပါတ်ကို မြန်မြန်ပင်  ရလာပြီးနောက် ခေါ်လိုက်ရာ ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

သူ မျက်မှောင်ကျုံ့လိုက်၏။

တစ်ရက်ထဲမှာပဲ သူမရဲ့နံပါတ်က ဆက်သွယ်လို့မရနိုင်တော့ပါတဲ့လား။

သူ့နှလုံးသားသည် တင်းကျပ်လာပြီး ကုဝမ်ချန်းက သူ့သမီးများကို ချစ်လွန်းသူတစ်ယောက် မဟုတ်ကြောင်း ရုတ်တရက် သတိရသွားတော့သည်။

အမှန်ပင်။ သူသည် သူတို့ကို အလိုလိုက်ထားသော်လည်း သူတို့ အရွယ်ရောက်လာကတည်းက မကြာခဏဆိုသလို သူတို့ကို ပွဲလမ်းသဘင်များတက်ခိုင်းရာ ယောက်ျားအချို့မှာ ကုချင်းယွီနှင့် ကုချင်းချန်တို့ကို အလွန်ပင် စိတ်ဝင်စားကြလေသည်။

တွမ့်မိသားစုသည် ကုမိသားစုထပ် များစွာအင်အားကြီးသောကြောင့်သာ သူ့လက်ထပ်ပွဲကို အနည်းငယ် လုပ်ပိုင်ခွင့် ရှိလေသည်။ သို့သော် တွမ့်မိသားစု၏သမီးများကို လက်ထပ်ပွဲအတွက် ပစ္စည်းအဖြစ်သာ သဘောထားကြရာ ကုဝမ်ချန်သည် သူ့သမီးနှစ်ယောက်ကို အကျိုးအမြတ်ရစေသည့် ပစ္စည်းများအဖြစ်သာ အသုံးချချင်ကြောင်း သူကောင်းကောင်း သိထားလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now