အပိုင်း (၁၆၃) ပန်းချီကားတစ်ချပ်ပျောက်နေတယ်

511 58 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၆၃) ပန်းချီကားတစ်ချပ်ပျောက်နေတယ်

ရှောက်ဇီဟန်သည် အလွန်ပျော်နေသဖြင့် သူ၏လှပသည့်အခြမ်းကို မြင်ခဲ့ဖူးပြီးသည့် ကျွမ်းကျင်းအပေါ် အလိုလို ပိုကောင်းနေတော့သည်။ ကျွမ်းကျင်းသည်လည်း အလွန်ပျော်နေပြီး သူ့ပန်းချီကားရှေ့တွင် သူနှင့်အတူ ဓာတ်ပုံရိုက်လိုက်ပြီးနောက် နှစ်ယောက်သားသည် ပျော်ပျော်ရွှင်ရွင်ဖြင့် ပြခန်းမှာ ထွက်လာခဲ့လေသည်။

တစ်နေ့တာ ကုန်သွားပြီးနောက် ဝန်ထမ်းသည် ကုချင်းယွီ၏ပန်းချီကားများကို ပြန်စဥ်းစားလိုက်ပြီး သူမကို ဖုန်းဆက်ကာ အတည်ပြုလိုက်ချိန်တွင်တော့ သည်တစ်ကြိမ်ပို့လိုက်သည်မှာ ပန်းချီကား ၅ချပ် ဖြစ်နေမှန်း တွေ့လိုက်ရတော့သည်။ သူမသည် အနည်းငယ်ရှက်ရွံ့သွားပြီး

“ အားနားပါတယ် မိန်းကလေးကု၊ ကျွန်မတို့ ပန်းချီကားကို နေရာထားမှားသွားတာဖြစ်မယ်... ကျွန်မတို့ ထပ်ရှာကြည့်လိုက်ပါမယ်”

ရက်အနည်းငယ်ကြာပြီးနောက် ဝန်ထမ်းက သူမ၏ပန်းချီကားတစ်ချပ် ပျောက်နေကြောင်း စိတ်မကောင်းစွာ ပြောလာလေသည်။

ကုချင်းယွီသည် အရေးထားမနေချေ။

“ ထားလိုက်ပါ၊ ရှင့်ပြခန်းတာဝန်ခံ မသိစေနဲ့နော်”

ဝန်ထမ်းမှာ သူမကို အတန်တန် ကျေးဇူးတင်စကား ပြောလိုက်လေသည်။ နောက်ဆုံး သူမသည် ထိုသေးငယ်သည့်အမှားတွက် ပြန်လျော်ပေးရန် ပြင်ဆင်ထားခဲ့ရသည်။ ကုချင်းယွီ၏ပန်းချီကားသည် စျေးမပေါ်ပေ။ နောက်ဆုံးတစ်ခုကို အနိမ့်ဆုံးစျေး တန်ဖိုး ၅၀,၀၀၀ ဖြင့် ရောင်းထွက်သွားခဲ့သည်... ထို့အပြင် လျှော်ကြေးက တစ်ကြောင်းဖြစ်သော်လည်း ပြခန်းတာဝန်ခံ စိတ်ဆိုးကာ သူမကို အလုပ်ဖြုတ်လိုက်မည်ကို စိုးရိမ်ခဲ့လေသည်...

ကံအားလျော်စွာ ကုချင်းယွိက ကိစ္စကို ဆက်မလိုက်တော့သဖြင့် ဝန်ထမ်းမလေးသည် အလွန်ကျေးဇူးတင်သွားတော့သည်။ နောက်ပိုင်းတွင် သူတို့သည် ကုချင်းယွီ၏ပန်းချီကားများကို ပြခန်းသို့လာသည့် ဧည့်သည်များကို မိတ်ဆက်ပေးချိန်၌ သူတို့သည် ပို၍ အားတက်သရော ရှိလာကြလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now