အပိုင်း (၄) သူမက အရမ်းတည်ငြိမ်ပြီး ဣန္ဒြေရတယ် ဟုတ်

6.1K 448 0
                                        

အကြီးဆုံးမမလေးက မူမမှန်
4

အပိုင်း (၄) သူမက အရမ်းတည်ငြိမ်ပြီး ဣန္ဒြေရတယ် ဟုတ်

ထိုယောက်ျား၏ လူသတ်တော့မယောင်ခြိမ်းခြောက်မှုက ကုချင်းယွီကို ကြောက်လန့်မသွားစေပေ။ သူမ၏နှလုံးသားသည် အခိုက်တန့်တုန်လှုပ်သွားပြီးနောက် တစ်စက္ကန့်အတွင်း သူမ၏တည်ငြိမ်မှုကို ပြန်ရသွားကာ ခုခံခြင်းပင်မလုပ်တော့ချေ။ ထိုအခိုက်အတန့်တွင် သူမ စဥ်းစားလိုက်မိ၏။

ဟင်းနော် ၊ ဒီလူရဲ့အသံက အရမ်းဆွဲဆောင်မှုရှိပြီး ရှတတနဲ့ အရမ်းနားထောင်လို့ကောင်းတာပဲ၊ ပြီးတော့ သူသွေးတွေအများကြီး ဆုံးရှုံးထားတာကိုတောင် ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်ဆိုတော့ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာသေချာတယ်။ သွေးထွက်များလွန်းလို့ သူမျက်နှာက လုံးဝကို ဖြူဆွတ်နေတာပဲ ။ သူက တုန်ယင်နေပြီး သူ့လက်ကောက်ဝတ်က စီးကျလာတဲ့ စွဲမက်ဖွယ်သွေးတွေက တသွင်သွင်စီးနေတဲ့ စမ်းချောင်းတစ်ခုလိုပဲ။

အင်း ဒီအတိုင်းဆိုရင် သူ သွေးထွက်လွန်ပြီး သေဖို့က နှစ်နာရီတောင် မလိုတော့ဘူး...

ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ဒဏ်ရာရထားတာတောင် ဒဏ်ရာကို ပတ်တီးစည်းဖို့ နည်းနည်းလေးမှ ရည်ရွယ်ချက်ရှိပုံ မရဘူး။ သူ့မှာ အဲလိုလုပ်ဖို့ အခွင့်အရေးများမရှိလို့လား။

ဒီလိုလုပ်ဖို့ အခွင့်အရေး မရှိခဲ့ဘူးဆိုတဲ့သဘောက... တစ်ယောက်ယောက်က သူ့နောက် လိုက်နေတာပေါ့။

ကုချင်းယွီ၏ အတွေးက မှန်သွား၏။ မကြာလိုက်ပေ သူမသည် မရင်းနှီးသည့် အနံ့အနည်းငယ်ကို ရသွားတော့သည်။ ထို့အပြင် တခြားကမ္ဘာက ပိုင်ဆိုင်လာသည့် ထက်သန်သည့် သတိပေးမှုက ရောက်လာသူများသည် အလွန်သန်မာကြောင်း သူမကို ချက်ချင်း သဘောပေါက်သွားစေတော့သည်။ အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် သူတို့နှစ်ယောက်ထက် ပိုသန်မာလေသည်။

သူတို့သည် သည်လူနောက် လိုက်နေကြခြင်း ဖြစ်ပြီး သူတို့ကို တွေ့သွားသည်နှင့်တစ်ပြိုင်နက် သူမသည်လည်း နှုတ်ပိတ်ခံရမည်မှာ သေချာလေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now