အပိုင်း (၁၁၂) နင့်ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ

1.1K 131 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၁၂) နင့်ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ

ကုချင်းယွီသည် စုတ်တံတစ်ခု၊ နှစ်ခု သို့မဟုတ် ဆေးဘူး တစ်ဘူး နှစ်ဘူးလောက်ပေးလေ့ ရှိသော်လည်း ထိုမျှလောက်တော့ မများချေ....

ဒါပေမဲ့ ကုချင်းယွီရဲ့ မိသားစုက ချမ်းသာတယ်ဆိုတော့ သူမနဲ့ လင်ရှောင်ရိ ရင်းနှီးလို့ တကယ်ပဲ ပေးထားတာလဲ ဖြစ်နိုင်တယ်မလား။

ဒါပေမဲ့ သူမက လင်ရှောင်ရိကို ပစ္စည်းတွေ ပေးခဲ့တာဆိုရင် ဘာလို့ ရဲတွေကို ခေါ်လာမှာလဲ။ ဧကန္တ လင်ရှောင်ရိပြောသလိုပဲ ကုချင်းယွီက သူမကို ချောက်ချဖို့ ကြိုးစားနေတာလား။

ဒါပေမဲ့ သူတို့လေးယောက်က အရမ်းရင်းနှီး ကြတာမလား။

စီးစီးနှင့် ရှဇီရို့တို့သည် တစ်ခွန်းမှ မပြောချေ။ သူတို့မျက်နှာအမူအရာက လင်ရှောင်ရိကို ဒေါသထွက်စေတော့သည်။ သူမ အံကြိတ်ကာ ပြောလိုက်၏။

“ စီးစီး ဇီရို့ နင်တို့က သူမ ဘက်ကလား၊ နင်တို့အားလုံး ပေါင်းပြီး ငါ့ကို ချောက်ချနေတာလား”

“ ငါတို့ မလုပ်ပါဘူး” စီးစီးက စိုးရိမ်တကြီး ငြင်းလိုက်၏။

ရှဇီရို့လည်း မျက်မှောင်ကျုံ့လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ ငါတို့လည်း ချင်းယွီဆီက စုတ်တံတစ်ခုတော့ လက်ဆောင်ရဖူးတယ်”

ထိုစကား ထွက်လာသည်နှင့် အားလုံးသည် ကုချင်းယွီ အမှားလုပ်မိခဲ့သလားဟု တွေးလာကြတော့သည်။

“ ကုချင်းယွီ သေချာစဥ်းစားပါအုံး... ဒီပစ္စည်းတွေက မင်း ကျောင်းသူလင်ကို ပေးခဲ့တဲ့ ပစ္စည်းတွေများလားလို့”

ကျောင်းအုပ်ကြီးသည် သည်ကိစ္စကြောင့် ပြဿနာမကြီးစေချင်ပေ။ သို့မဟုတ်လျှင် သူအတွက် ခေါင်းခဲစရာ ဖြစ်လာပေတော့မည်။ ထို့ကြောင့် သူသည် မတတ်သာတော့ဘဲ ကုချင်းယွီကို လမ်းကြောင်းပေးလိုက်တော့သည်။

လင်ရှောင်ရိမျက်လုံးထဲက ဘဝင်မြင့်နေသည့် အရိပ်ကို ကြည့်လိုက်ပြီး ကုချင်းယွီ မဲ့ကာ ပြောလိုက်တော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now