အပိုင်း (၁၀၉) သူမက လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမဲ့သူမဟုတ်ဘူး

1K 136 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၀၉) သူမက လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမဲ့သူမဟုတ်ဘူး

ဒီလင်ရှောင်ရိက ငါလေးအပေါ် အရမ်းခက်ထန်တာပဲ။

ဒါပေမဲ့ ဘာဖြစ်လို့မှန်းလဲ မသိဘူး...

လင်ရှောင်ရိသာ ငါ့ပန်းချီကားကို ဖျက်ဆီးခဲ့တဲ့သူ မှန်ရင် သူမကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး။

ကုချင်းယွီသည် အိပ်ရာသို့ သွားလိုက်ပြီး ဖုန်းကို ထုတ်ကာ ဖိုရမ်ကို ဖွင့်ကြည့်လိုက်ရာ သူမသည် သူမသတို့သားလောင်း၏ စွန့်ပစ်ခြင်းခံခဲ့ရသည်ဟူသည့် ပိုစ့်ကို တွေ့လိုက်ရတော့သည်....

မူလပိုစ့်တင်သူ၏ ပေ့ချ်ကို ဖွင့်လိုက်ရာ ထိုပိုစ့်တင်သူက လွန်ခဲ့သည့် တစ်နှစ်က သူမ ကျောင်းစတက်အချိန်မှ ဖိုရမ်တွင် ကျောင်းတော်ရဲ့မင်းသမီးလေးအဖြစ် ရွေးချယ်ခံရသည့်အချိန်အထိ တခြားဖိုရမ်များတွင်လည်း သူမ မကောင်းကြောင်း ပြောထားသည့်ကို တွေ့လိုက်ရလေသည်။ ဒီမူရင်းပိုစ့်တင်သူက ကုချင်းယွီကို တကယ်အကြာကြီး မုန်းလာခဲ့တာပဲ။

ကုချင်းယွီသည် သူမ၏ဖုန်းကို စ,သုံးကတည်းက အဆင့်မြင့်ထားသဖြင့် ဖုန်းfunctionများသည် ကွန်ပျူတာတစ်လုံးထက် မနိမ့်ချေ။ သူမသည် ဖုန်းကို အလုပ်ပေးလိုက်သည်နှင့် မူလပိုစ့်တင်သူ၏ IP address ကို ရလာတော့သည်။ ကျောင်း၏ အင်တာနက်ပေါ်တွင် စစ်ကြည့်လိုက်ချိန်၌ သည်မူလပိုစ့်တင်သူမှာ သူမ၏အခန်းဖော်ဖြစ်မှန်း လွယ်လွယ် သိလိုက်ရလေသည်။

မူရင်းပိုစ့်တင်တဲ့သူက လင်ရှောင်ရိပဲ။

ငါ့ခံစားချက်က မှန်နေတာပေါ့။ လင်ရှောင်ရိ ငါ့ကို မုန်းနေတာပဲ...

ကုချင်းယွီသည် မျက်လွှာချကာ အောက်က သူမ၏သေတ္တာများကို စဥ်းစားရင်း ကြည့်နေသည့် လင်ရှောင်ရိကို ကြည့်လိုက်လေသည်။

ကြည့်ရတာ ပြီးခဲ့တဲ့အခေါက်က ငါ့ပန်းချီကားတွေကို ဖျက်ဆီးခဲ့တဲ့သူကလည်း သူ ဖြစ်နိုင်ခြေများတယ်...

ကံဆိုးချင်တော့ သူတို့စတူဒီယို ရှိတဲ့အထပ်က စီစီတီဗီက ပျက်နေတာကြာပြီတဲ့။ ဒါက လူတိုင်း သိထားပြီးသား ကိစ္စဆိုတော့ ပြီးခဲ့တဲ့တစ်ခေါက် သူမရဲ့ ပန်းချီကားတွေကို ဖျက်ဆီးခဲ့လားဆိုတာ စစ်ကြည့်ဖို့ နည်းလမ်းမရှိတော့ဘူး။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now