အပိုင်း (၂၈) စုံစမ်းပြီးသွားပြီ

2K 240 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း (၂၈) စုံစမ်းပြီးသွားပြီ

“ သရုပ်ဆောင်”

“ အာ ဟုတ်သားပဲ ဒါပေမဲ့ ... ငါ အခု လေ့လာနေတုန်းပဲ၊ ဒီဂြိုဟ်ပေါ်မှာ စိတ်ဝင်စားစရာတွေအများကြီးပဲ၊ ငါရဲ့ အနာဂတ် သက်မွေးအလုပ်ကို မရွေးခင် ဒါတွေကို အကုန်ပြီးတဲ့အထိလေ့လာလိုက်အုံးမယ်”

ကုချင်းယွီသည် ပြောရင်းဆိုရင်း သမ်းဝေလိုက်ပြီး ဝီးချဲလ်ပေါ်က ထလိုက်ကာ အိပ်ရာဆီသို့ သွားလိုက်ပြီးနောက် လှဲချလိုက်လေသည်။

တစ်စုံတစ်ယောက်သည် သည်အခိုက်အတန့်ကို မြင်သွားလျှင် သူတို့သည် အလွန်အံ့ဩသွားကြပေလိမ့်မည်။ သူမသည် သည်နေ့ ကိစ္စအများအပြားကို လုပ်ဆောင်ခဲ့ပြီး ထိုအရာထဲမှ အရေးအကြီးဆုံးမှာ.....

စားသောက်ခြင်းပင်။

ထို့နောက် သူမသည် ပိုစားလေလေ သူမခန္ဓာကိုယ်ထဲတွင် စွမ်းအင်ပိုများလာလေလေ ဖြစ်နေသည်ကို သိရှိသွားတော့သည်။

ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးနည်းနည်းရှိပုံရတယ်...

ဥပမာ သူမရဲ့ခန္ဓာကိုယ်က အစားအသောက်ထဲက စွမ်းအင်ကို စုပ်ယူဖို့ သူတို့ဂြိုဟ်က ထူးခြားတဲ့စွမ်းအင် စုပ်ယူတဲ့နည်းလမ်းကို သုံးလိုက်ပြီးတော့ ကျန်တာတွေကို အညစ်အကြေးအနေနဲ့ စွန့်ထုတ်လိုက်တယ်။ ဒါနဲ့ သူမရဲ့ခန္ဓာကိုယ်က ထူးထူးခြားခြားသန့်ရှင်းပြီးတော့ ထူးထူးခြားခြား....အထိခိုက်မခံ ဖြစ်နေတာပဲ။

စားပွဲထောင့်စွန်းကို အသာလေး ရိုက်မိတာနဲ့တင် အဲဒီနေရာမှာ ရက်တော်တော်ကြာတဲ့ထိ ညိုမဲနေတာ ရိုက်ခံထားရတဲ့အတိုင်းပဲ။

“ သခင် တွမ့်ရှင်းယွမ်က Sမြို့ကို လေယာဥ်နဲ့ ရောက်လာပြီထင်တယ်”

ဖေးဖေးက ပြောလိုက်သည်။

“ သူ့ကို ဂရုစိုက်မနေနဲ့”

သူက သာမန်လူတစ်ယောက်ပဲဟာ။

“ သခင် အနက်ရောင်ဝတ်စုံနဲ့ အဲဒီလူနှစ်ယောက်က နင့်ကို စောင့်ကြည့်နေတုန်းပဲ၊ သူတို့ကို မရှင်းတော့ဘူးလား”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now