အပိုင်း (၁၆၅) သူမ ဒါကို တကယ်ကြိုက်တယ်

435 60 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၆၅) သူမ ဒါကို တကယ်ကြိုက်တယ်

ဝေလင်းလင်းသည်  ပရိသတ်များနှင့်အတူ ပထမဆုံးရုံတင်သည့်ပွဲကို တက်ရောက်ခဲ့ပြီး အံ့ဩစရာကောင်းလောက်သည့် ပြကွက်များကို ချီးကျူးလိုက်လေသည်။ ထို့နောက် ကျွမ်းစစ်ရိ၏ တခြားဘက်က ကုချင်းယွီကို အာရုံရသွားပြီး ရုတ်တရက် စူးရှသည့်ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။ သူမ ကုချင်းယွီကို အများကြီး လေးစားမိသွားပြီလား။ ဟင့်အင်း။ သူမ တည်ငြိမ်နေသလို ဟန်ဆောင်ထားမှဖြစ်မယ်၊ ရုပ်ရှင်က လုံးဝကိုမကောင်းတာပါ....

ဟမ်။ ဒီပုံလေးက အရမ်းလှတာပဲ...

ဝေလင်းလင်းသည် စိတ်ထဲတွင် ခက်ခက်ခဲခဲ ရုန်းကန်နေရတော့သည်။ သူမသည် ကုချင်းယွီကို အလွန်မှ အထင်မကြီးချင်ပါသော်လည်း ကြည့်နေရင်းမှ မသိလိုက်ပါဘဲ တစ်ဖန် ဇာတ်လမ်းထဲ မျောသွားတော့သည်...

ရုပ်ရှင် ပြီးသွားချိန်၌ ဝေလင်းလင်းသည် မျက်လုံးနီများဖြင့် ‘ဖေးဖေးစတူဒီယို’ဟူသည့် စကားလုံးများကို ကြည့်လိုက် ရုတ်တရက် နားလည်သွားရသည်က....

သူမက ကုချင်းယွီစတူဒီယိုရဲ့ ဖန်တစ်ယောက် ဖြစ်နေပြီးတော့ ကုချင်းယွီရဲ့ animeရုပ်ရှင်ကို သဘောကျသွားပြီထင်ပါတယ်။

သူမသည် ဇာတ်ဆောင်၏ ပျော်ရွှင်မှု ဝမ်းနည်းမှုများကို နှစ်နာရီကြာအောင် လိုက်စီးမျောခဲ့ပြီး ရုပ်ရှင်အစကနေ အမှားရှာပြီး အွန်းလိုင်းပေါ်တွင် မကောင်းသည့် reviewပေးမည်ဟု တိတ်တိတ်လေး တွေးခဲ့သည့်စိတ်ကူးကို မေ့သွားတော့သည်။ သို့သော် ဒါသည် သူမချစ်သူ၏ရုပ်ရှင်လည်းဖြစ်နေရာ အလွန်အကျွံတော့ လုပ်မည်မဟုတ်ပေ။ သူမသည် ကုချင်းယွီတာဝန်ယူထားသည့် အပိုင်းများကိုသာ ဝေဖန်ဖို့ စဥ်းစားထားသော်လည်း ရုပ်ရှင်ကိုကြည့်ပြီးနောက်....

အမှန်ပင် သဘောကျသွားလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ...

သည်anime ရုပ်ရှင်သည် သူမစိတ်ကူးထားသည်နှင့် လုံးဝကွားခြားနေလေသည်။ အထူးပြုလုပ်ချက်များသာ ကောင်းမွန်ပြီး ဇာတ်လမ်းနှင့် နောက်ခံက ငြီးငွေ့စရာဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမှန်တွင်တော့....

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now