အပိုင်း ( ၄၅) ဆရာ

1.7K 189 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၄၅) ဆရာ

လီမိသားစုကတောင် သူ့ကို အပြစ်မလုပ်ရဲလေဘူးတဲ့....

တွမ့်ရှင်းယွမ်သည် အားလုံး၏စကားကို မှတ်ထားလိုက်ပြီးနောက် မုရွှမ်ချင်ရှေ့တွင် သူ၏ ယောက်ျားပီသသည့်သရုပ်ကို နှိမ့်ချရန် ကြိုးစားလိုက်သော်လည်း သူဘယ်သူဖြစ်မှန်းတော့ တွမ့်ရှင်းယွမ် မပြောနိုင်ပေ။ အကြောင်းမှာ လူတိုင်းက သူ့အား  မျိုးရိုးနာမည်မတပ်ဘဲ ‘ဆရာ’ဟု တလေးတစားခေါ်နေကြ သောကြောင့်ပင်။

သူ့ကို မျက်နှာလိုမျက်နှာရလုပ်နေသည့် မိသားစုကြီးများမှ လူများစွာ ရှိနေသော်လည်း တစ်ခန်းလုံးတွင် အာရုံအစိုက်ခံရဆုံးသူမှာ မျက်ခုံးတစ်ချက်ပင် ပင့်မကြည့်ဘဲ သူ့ရှေ့က အရသာရှိသည့် အစားအသောက်များကိုလည်း စိတ်မဝင်စားသည့်အပြင် ရေတစ်ငုံပင် မသောက်ချေ။

“ဆရာ ဒါက ကျွန်တော့် မြေးအကြီးဆုံး တွမ့်ရှင်းယွမ်တဲ့၊ ရှင်းယွမ် လာ ၊ ဆရာ့ကို နှုတ်ဆက်လိုက်အုံး”

တခြားမိသားစုများလည်း စတင်လှုပ်ရှားလာသည်ကို မြင်လိုက်ပြီး အကြီးအကဲတွမ့်သည် တွမ့်ရှင်းယွမ်ကို ဦးဆောင်ကာ မုရွှမ်ချင်နှင့် အလျင်စလို မိတ်ဆက်ပေးလိုက်လေသည်။

တခြားမိသားစုများက သူတို့မိသားစု၏ မျိုးဆက်များနှင့် မိတ်ဆက်ပေးစဥ်က မုရွှမ်ချင်သည် ဘာညွှန်ကြားချက်မှ မပေးဘဲ ခပ်တည်တည်ဖြင့် တစ်ချက်သာ ကြည့်လိုက်သော်လည်း သူသည် အမြဲလိုလို သည်ပုံစံသာဖြစ်ရာ ထိုမိသားစုများကလည်း ကျင့်သားရနေပြီ ဖြစ်လေသည်။ သူတို့မျက်နှာကို မုရွှမ်ချင် ရှေ့တွင် ပြနိုင်သ၍ သူသည် ဒါကို မှတ်မိနေမှာဖြစ်ပြီး သူတို့သည် ဆရာ့စည်းကမ်းများကို မချိုးဖောက်သ၍  အနာဂတ်တွင် အကူအညီလိုလာလျှင် ဆရာက ဘယ်လိုအကူအညီမျိုးကိုမဆို တွန့်တိုခြင်းမရှိ ပေးပေလိမ့်မည်။ ဒါသည် သည်နေ့၏ရည်ရွယ်ချက် ဖြစ်ပြီး သူတို့အားလုံးက မိသားစုအသီးသီးမှ အထူးချွန်ဆုံးမျိုးဆက်များကို ခေါ်လာရသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now