အပိုင်း (၅) သူမက တကယ်တော့ သူ့လက်ဖဝါးကို လျက်နေတာ

2.8K 287 2
                                    

အကြီးဆုံးမမလေးက မူမမှန်
5

အပိုင်း (၅) သူမက တကယ်တော့ သူ့လက်ဖဝါးကို လျက်နေတာ

သူ့ခန္ဓာကိုယ်သည် အနည်းငယ်နွေးထွေးနေပြီး သက်သောင့်သက်သာရှိလှသော်လည်း သူ့သွေးကြောင့်လား သူ့ခန္ဓာကိုယ်က နွေးနေ၍လားကိုတော့ သူမ မသိချေ။

အင်း....

ကုချင်းယွီသည် သူမ၏မျက်လုံးများကို မှိတ်ထား၏။ သူသည် အလွန်သက်သောင့်သက်သာဖြစ်နေရာ သူမ၏မျက်လုံးများကိုပင် မဖွင့်ချင်ဖြစ်နေတော့သည်။ သူ့ကို လေးတွဲ့စွာမှီထားရင်းသာ အိပ်လိုက်ချင်နေတော့သည်။ သူမသည် စွမ်းအင်များကို ထပ်စုပ်ယူရလျှင်တော့ အကောင်းဆုံးပင်။

ထိုအခိုက်အတန့်တွင် စွန့်ပစ်စက်ရုံ၏ မီတာ၅၀ပတ်လည်ရှိ လေထဲနှင့် မြေကြီးပေါ်မှသွေးများအားလုံး... ထိုလူပိုင်ဆိုင်သည့်သွေးအားလုံးကို ကုချင်းယွီက စုပ်ယူထားပြီးဖြစ်၏။ သည်အခိုက်အတန့်တွင် တစ်ယောက်ယောက်က ထိုနေရာကိုမြင်သွားပြီး မြေကြီးပေါ်မှသွေးကွက်များသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်လျှင် အံ့ဩသွားပေလိမ့်မည်။

“ထူးဆန်းတယ်... သူသေချာပေါက် ဒီနားမှာပဲ ရှိတဲ့ဟာကို၊ ဘောစ့် ဒီစက်ရုံက လွဲရင် တခြားပုန်းစရာနေရာ မရှိဘူးမလား”

“... ကိရိယာက သူ ဒီမှာရှိတယ်လို့ သေချာပြနေတာပဲ ဒါပေမဲ့ အခုကျတော့ လုံးဝ မတုံ့ပြန်တော့ဘူး...”

“ သူက အခုဆိုရင် အားအနည်းဆုံးအခြေအနေဖြစ်နေတာ ၊ ပြီးတော့ သူ သွေးတွေလည်း ထွက်ထားသေးတယ်၊ သေချာပေါက် အဝေးကြီး ပြေးနိုင်မှာ မဟုတ်ဘူး၊ ဒီအနီးအနားမှာ သွေးကွက်တွေကို ရှာကြ”

“ဟုတ်ကဲ့”

သူတို့သည် လူခွဲလိုက်သော်လည်း စွန့်ပစ်စက်ရုံနားတွင် သူတို့ကိုရှာရန် တစ်ယောက်နှစ်ယောက် ကျန်နေခဲ့ပုံရလေသည်။ သို့သော် သူတို့၏တည်နေရာကို လုံးဝရှာမတွေ့ချေ။

စွန့်ပစ်စက်ရုံအတွင်းရှိ တခြားအရောင်အဝါများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးနောက် ထိုယောက်ျား၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ဖြေလျှော့လာတော့သည်။ သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူရှေ့ကမိန်းမကို မယုံနိုင်စွာကြည့်ရင်း သူ့သူငယ်အိမ်များသည် ကျုံ့သွားတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now