အပိုင်း ( ၄၄) တကယ်ပဲ သူက ဘယ်သူများလဲ

1.8K 205 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၄၄) တကယ်ပဲ သူက ဘယ်သူများလဲ

တစ်ယောက်ယောက်က  ကုချင်းချန်ကို စိတ်ဝင်စားခဲ့မည်ဆိုလျှင်တောင် ထိုလူတွင် မကောင်းသည့်ရည်ရွယ်ချက် ရှိနေလောက်ပေမည်။

ဥပမာ ရှန်ချန်းပင်။

ဘက်ပေါင်းစုံက တိုက်ခိုက်ခံလိုက်ရပြီးနောက် ကုချင်းချန်သည် အံ့ဩစရာကောင်းလောက်အောင် ရှန်ချန်းထံ ပြန်သွားခဲ့လေသည်။

ကုချင်းချန်သည် ရှန်ချန်းက သူမကို စိတ်ဝင်စားနေသေးသည်ကို သိလိုက်ရချိန်၌ သူမသည် စိတ်လှုပ်ရှားလာပြီး သူနှင့် ပိုရင်းနှီးလာအောင် ဆွဲဆောင်တော့သည်။

ထို့အပြင်ရှန်ချန်းသည် သူမကိုတမ်းတမ်းစွဲဖြစ်ဖို့ရာ လူကျင့်ဝတ်နှင့် သွေဖီနေတော့သည်။ သူသည် သူမအကြိုက် ၊ သူမ,လိုချင်သည့်အရာများကို သိလေသည်။ ဒါက အချိန်တစ်ခုအထိ အဘက်ဘက်မှ တိုက်ခိုက်ခံနေရသည့် ကုချင်းချန်ကို သူမ၏အကျင့်ဟောင်းကို ပြန်ပိုင်ဆိုင်သွားရစေပြီး သူမသည် သူ့ကို အနိုင်ရသွားသည်ဟု အမှန်ပင် ယုံကြည်သွားတော့သည်။ အမှန်တွင်တော့ သူသည် သူမကိုအရင် ကြိုက်နှစ်သက်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သူမနှင့်အတူ ကုမိသားစုသို့ လိုက်ခဲ့ခြင်းဖြစ်သော်လည်း နောက်မှ ကုချင်းယွီကို မြင်မြင်ချင်း ချစ်သွားခြင်းဖြစ်လေသည်။

ရှန်ချန်း၏အားပေးနှစ်သိမ့်မှုသည် အမှန်အလုပ်ဖြစ်သွားပြီး ကုချင်းချန်ဘက်ကလည်း သူ့အပေါ် တဖြည်းဖြည်း သံယောဇဥ် တိုးလာတော့သည်။ ကုချင်းချန်သည် တစ်ချိန်က သူ့ကို လှည့်စားခဲ့ဖူးသည်ကို လုံးဝ မေ့သွားတော့သည်။ ရှန်ချန်းသည် လင်းဟန်ကျောက်ကို ခွင့်လွှတ်ခဲ့သော်လည်း သူသည် သူမကို လုံးဝထပ်မတွေ့တော့ချေ။ အကြောင်းမှာ ရှန်ချန်းသည် သူ့သူငယ်ချင်းများ လှောင်တာ ခံရပြီး သူ့ကိုယ်သူ လေးစားမှု ပျက်စီးသွားသောကြောင့်ပင်။

ဒီလိုလူက အာဃာတအရမ်းကြီးတာလေ။ ကုချင်းချန်က သူ့ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တယ်ဆိုတာကို ဒီလို အချိန်တိုအတွင်းမှာ သူက ဘယ်လို မေ့လိုက်နိုင်မှာလဲ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now