အပိုင်း (၁၃၂) ဆရာ မတားတော့ဘူးလား

883 116 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၃၂) ဆရာ မတားတော့ဘူးလား

သူမ၏လှုပ်ရှားမှုများသည် ကုချင်းယွီ၏မျက်လုံးများဆီမှာ မလွှတ်သည်မှာ သဘာဝပင်။ ကုချင်းယွီ ညင်ညင်သာသာရယ်မောလိုက်ပြီး တွေဝေမနေဘဲ ခြေထောက်ကိုမ,ကာ လှမ်းလာလိုက်လေသည်။ ‘ဂျွတ်’ ဟူသည့်မြည်သံတစ်ခုနှင့်အတူ မုအိုက် နာကျင်စွာ အော်ဟစ်လိုက်တော့သည်။

“အား”

မုအိုက်သည် သူမရှေ့က ကုချင်းယွီကို မယုံကြည်နိုင်အောင် ကြည့်လိုက်ပြီး သူမ၏မျက်လုံးအိမ်များက တုန်လှုပ်သွားတော့သည်။ ဒီမိန်းမ...

ဒီမိန်းမ အရမ်း ကြောက်စရာကောင်းတာပဲ။

သူ....သူ ငါ့လက်ကို တကယ်ကြီး တန်းကန်လိုက်တယ်။

ငါ့လက်.....

မုအိုက်က ချက်ချင်းနီရဲကာ ရောင်တက်လာသည့် သူမ၏လက်ကို စိုက်ကြည့်နေမိတော့သည်။ သူမ၏မျက်လုံးများသည် နာကျင်မှုကြောင့် နီရဲကာ မျက်ရည်များ ထွက်လားပြီး အံကြိတ်ရင်း ကုချင်းယွီကို လက်ညိုးထိုးလိုက်လေသည်။

“ နင် အရူးမ ငါ နင့်ကို သတ်ခိုင်းပစ်မယ်”

“ငါ့ကို သတ်မယ်ဟုတ်လား၊ လုပ်လေ၊ အချိန်မရွေးပဲ”

ကုချင်းယွီက မသိမသာပြုံးလိုက်၏။ သူမ သေချင်လျှင် သူမကို အဖော်ပြုပေးဖို့ရာ အသင့်ပင်။

ကုချင်းယွီသည် အလွန်တည်ငြိမ်နေလေရာ မုအိုက် ကြောက်စိတ်ဝင်လာတော့သည်။ မုအိုက် သူမရှေ့က မိန်းမကို စိုက်ကြည့်နေလိုက်သည်။ သူမစုံစမ်းထားသည့် အချက်အလက်ထဲတွင် တွေ့ရသည့် နူးညံ့ချိုသာသည့် မိန်းကလေးကုနှင့် လုံးဝမတူပေ။ သူ အားနည်း သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ပုံ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အရမ်းကြောက်စရာကောင်းပြီး ကြမ်းတမ်းသွားတာလဲ။

မုအိုက်က သူမအမှားတစ်ခု လုပ်မိသွားမှန်း သဘောပေါက်သွားတော့သည်။ သူမအိမ်က မိသားစုသိသွားမှာ ကြောက်မနေခဲ့သင့်တာ။ ဒီအချက်ကြောင့်ပဲ အွန်လိုင်းပေါ်မှာ ပိုက်ဆံပေးပြီး လူရှာခဲ့မိတယ်။ အဲငတုံးတွေ ဘာထူးထူးခြားခြား လုပ်ခဲ့လို့လဲ။ အခုတော့ သူမ လုပ်ရပ်တွေပေါ်သွားပြီး ကိုယ့်ဟာကိုယ်တောင် နာကျင်အောင် လုပ်မိသွားပြီ.... အစကတည်းက သူမအမေဆီ တန်းသွားခဲ့သင့်တာ။ အနည်းဆုံးတော့ သူ့အမေငှားပေးတဲ့လူတွေက အားလုံးကို သေသေချာချာ လုပ်ပေးခဲ့မှာပဲ....

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now