အပိုင်း ( ၁၀၂) လက်မခံနဲ့လို့ ပြောရင် ကိုယ် ငြင်းလိုက်ပါမယ်

1.2K 133 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၀၂) လက်မခံနဲ့လို့ ပြောရင် ကိုယ် ငြင်းလိုက်ပါမယ်

တွမ့်ရှင်းယွမ်လား။

ကုဝမ်ချန်အား တွမ့်ရှင်းယွမ် မဆက်သွယ်လာပါဟု ဖြေပြီးမှ တွမ့်ရှင်းယွမ် ဆက်သွယ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။

ကုချင်းယွီ နှုတ်ဆိတ်လျက် သူပြောမည့်စကားကို စောင့်နေလိုက်သည်။ နောက်တစ်လနေလျှင် စေ့စပ်တော့မည့်သူက သူမကို ဖုန်းခေါ်ပြီး ဘာလုပ်မည်ကို သိချင်မိလေသည်။

“ ကုချင်းယွီ”

တွမ့်ရှင်းယွမ်၏အသံကို ကြားရုံနှင့် သူနည်းနည်း မူးနေမှန်း သိလေသည်။ ဝိုင်များသောက်ထားဟန် တူသည်။

အင်းပါ့လေ။ မြို့တော်က သခင်မလေးကို ရွေးခဲ့တယ်ဆိုတဲ့သဘောက ဆင်ခြင်တုံတရားတွေ ပြန်ရောက်လာပြီး အချစ်နောက်ကိုပဲ မလိုက်တော့ဘူးဆိုတဲ့ သဘောပေါ့။ သဘောကတော့ သူ မူးပြီး အသိစိတ်ပျောက်နေမှပဲ ငါလေးကို ဖုန်းခေါ်နိုင်တယ်ဆိုပါတော့။

“ကုချင်းယွီ ၊ ကိုယ်... တခြားမိန်းမနဲ့... စေ့စပ်ရတော့မယ်....”

တွမ့်ရှင်းယွမ်၏ မျက်လုံးများသည် နီနေပြီး သူမကို ပြောနေသည့်လေသံမှာ တိမ်ဝင်နေလေသည်။

“ ကိုယ့်ကို ပြောပါ၊ ညီမ ကိုယ့်ကို စေ့စပ်စေချင်လား၊ ညီမက ‘မလုပ်နဲ့’လို့ပြောရင် ကိုယ် စေ့စပ်ပွဲ မလုပ်ဘူး....”

သာမန်မိန်းမတစ်ယောက်ဆိုရင်တော့ အခုလောက်ဆိုရင် ရင်ထဲထိပြီး မျက်ရည်တွေ ကျနေလောက်ပြီ။

သို့သော် ကုချင်းယွီသည် တွမ့်ရှင်းယွမ်က မူလခန္ဓာကိုယ်ပိုင်ရှင်ကို ကြမ်းပြင်ပေါ် တွန်းလှဲပြီး လုံခြုံရေးတွေကို ဆွဲထုတ်သွားဖို့ ပြောလိုက်သည့်နေ့ကိုသာ သတိရမိတော့သည်။

သူက မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ နှစ်ပေါင်းများစွာ ချစ်လာပြီး နှစ်နှစ်ကျော် အတူတူရှိလာခဲ့တာလို့ ပြောတယ်လေ။ ဒါတောင် သူက မူလခန္ဓာကိုယ်ပိုင်ရှင်ကို လုံးဝမယုံခဲ့ဘူးလေ။ သူမက ညစ်ပတ်တယ်၊ သူက သစ္စာဖောက်ခံလိုက်ရတယ်လို့ပဲ တွေးခဲ့တာ။ သက်သေတွေလည်း မရှာခဲ့သလို၊ အကြောင်းအရင်းကိုလဲ သိအောင်မလုပ်ခဲ့ဘဲနဲ့ သူမကို မညာမတာ နာကျင်အောင်လုပ်ခဲ့တာပဲ.....

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now