အပိုင်း (၁၅၇) အိမ်ချက်ချင်းပြန်လာခဲ့

523 69 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၅၇) အိမ်ချက်ချင်းပြန်လာခဲ့

သူမ လက်စားချေရမယ်။ ကုချင်းယွီကို သူမခံစားခဲ့ရတာထက် ဆယ်ဆမက ပြန်ခံစားရအောင် လုပ်ပစ်မယ်။

ကုချင်းချန်၏ တွက်ဆချက်က မှန်လေသည်။ ထိုသို့လုပ်ခဲ့သူမှာ အမှန်ပင် ကုချင်းယွီဖြစ်သည်။ သို့သော် သူမ ဟက်ကာတစ်ယောက်ကိုတော့ မငှားခဲ့ချေ။ အကြောင်းမှာ သူမကိုယ်တိုင်က အတော်ဆုံးဟက်ကာတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ကောလာဟလများကို ဖြေရှင်းပြီး သူမ၏anime ရုပ်ရှင်ကို လည်း ကြော်ငြာပြီးနောက် ကုချင်းယွီတွင် ကောလာဟလနောက်ကွယ်က လူကို ရှာဖွေဖို့ အချိန်ရလာတော့သည်။ မုရွှမ်ချင်က သူမကို ကူရှာပေးခဲ့ပြီး ကုချင်းချန် ဖြစ်နေမှန်း သိလိုက်ရသည်။ သူမသည် နိုင်ငံခြားသွားလိုက်သော်လည်း လူများကို သူမအား စောင့်ကြည့်ထားခိုင်းကာ ဓာတ်ပုံများ ရိုက်ယူထားခိုင်းခဲ့သည်။ သို့သော် ကုချင်းယွီက မကောင်းတာ ဘာမှမလုပ်ထားသဖြင့် သူတို့သည် သူမနှင့် ယောက်ျားများ အတူတူရှိနေသည့် ဓာတ်ပုံများကိုသာ ရိုက်ယူနိုင်ခဲ့ပြီး သူမ၏ဂုဏ်သိက္ခာကို တစ်ချီထဲနှင့် ပျက်စီးသွားအောင် လုပ်ဖို့ ရည်ရွယ်ထားခဲ့သည်။

သို့သော် ရလဒ်က ထိုသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ သူမက သေတာတောင် တရွရွသွားတာမရပ်တဲ့ ကင်းခြေများတစ်ကောင်လိုပဲ....”

ကုချင်းယွီ သူမ၏အတွေးကို ထုတ်ပြောလိုက်၏။ ကုချင်းယွီ ဒီလောက်အဝေးကြီးကနေ ဒီလိုကိစ္စတွေကို လုပ်နေအုံးမယ်ဆိုရင် ငါကလည်း သူမနဲ့ ကစားပေးရတော့မှာပေါ့။

သူမ၏လျှပ်စစ်ပစ္စည်းများကို ဟက်ရပြီး သူမကို ခြောက်လန့်ရသည်မှာ တော်တော်လွယ်ကူသည့် ကိစ္စပင်။ ထို့နောက် ကုချင်းယွီသည် ကုချင်းချန်ဖုန်း၊ ကွန်ပျူတာနှင့် အီးမေလ်းထဲက သူမနှင့် ပတ်သက်သည့် အရာအားလုံးကိုလည်း ဖျက်ပစ်လိုက်လေသည်။ ကုချင်းချန်ရေးထားသည့် စာတမ်းကိုလည်း ဖျက်ပစ်လိုက်သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now