အပိုင်း (၉၉) ကိုယ့်ဟာကိုယ် ပြင်လိုက်မယ်

1.1K 143 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၉၉) ကိုယ့်ဟာကိုယ် ပြင်လိုက်မယ်

မုရွှမ်ချင်သည် သည်ဆိုးညစ်ညစ်ကောင်မလေးက ဘာလိုချင်မှန်း အမှန်ပင်မသိချေ...

သို့သော် သူမလိုချင်သည်က စျေးကြီးကြီး ပန်းချီကားတစ်ချက်မဟုတ်သလို ပန်းချီဆွဲပစ္စည်း မဟုတ်သည်ကိုတော့ သူသိလေသည်...

ဒီတော့ သူမကို ဘာပေးရင်ကောင်းမလဲ။

မုရွှမ်ချင်အတွက် ဆယ်နှစ်သားကတည်းက အခုချိန်ထိ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးဖို့ အားထုတ်ရခြင်းက ပထမဆုံးအကြိမ်ဖြစ်လေသည်။

ကုချင်းယွီ၏မျက်လုံးများ အရောင်တောက်သွား၏။

“ ဒါဆို ညီမ မျှော်လင့်နေမယ်နော်~ စီနီယာအစ်ကိုကြီး၊ မစိုးရိမ်နဲ့နော်၊ ညီမရဲ့ပြန်လှန်လက်ဆောင်က အသင့်ရှိပါတယ်”

ပိုင်ရှို့ချီသည် အိပ်ရာစောစော ဝင်လေ့ရှိရာ သူတို့သည် ည၉နာရီမထိုးခင် ပြန်လာခဲ့ကြတော့သည်။ မုရွှမ်ချင်သည် ကုချင်းယွီ ထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ချန်ရန်က မုရိနှင့် မုအာ့ကို သူမနောက်လိုက်သွားရန် ညွှန်ကြားလိုက်ပြီး မုရွှမ်ချင်ဘေးသို့ ပြန်လာခဲ့လေသည်။

“ ဆရာ မိန်းကလေးကုအတွက် လက်ဆောင် အသင့်ဖြစ်ပါပြီ”

အစောပိုင်းက သူ့ကို မုရွှမ်ချင်က အလုပ်ခိုင်းခဲ့သဖြင့် ဆရာ့ ဆရာက ဤမျှ မြန်မြန်ဆန်ဆန် လုပ်ခဲ့သည်ကို မသိလိုက်ချေ။ ပိုင်ရှို့ချီသည် ကုချင်းယွီကို တပည့်အဖြစ် ခေါ်ယူရန် စဥ်းစားခဲ့ပြီးမှ တစ်ညထဲတွင် ဆရာတပည့် ညစာစားပွဲကို ချက်ချင်းလုပ်ခဲ့ရာ၊ ဆရာ့ရဲ့အစွမ်းထက်ဆုံး လက်ထောက်ဖြစ်သူမှာ ထိုနေရာတွင် ပျက်ကွက်ခဲ့ရပြီး ဆရာ့အတွက်  အချိန်မီ လက်ဆောင် ပြင်မပေးနိုင်ခဲ့ချေ။ ဒါသည် တာဝန်ပျက်ကွက်ခြင်းတစ်ခုပင်....

သို့သော် သူသည် မုရီ၏ဖုန်းကို လက်ခံရချိန်၌ ဆရာ သဘောကျလောက်သည့် လက်ဆောင်တစ်ခုကို ချက်ချင်းရှာတွေ့ခဲ့လေသည်။

ဂဏန်း၇လုံးတန်သည့် နာမည်ကြီး မင်မင်းဆက်ပန်းချီဆရာတစ်ယောက်၏ ပန်းချီကားတစ်ချက်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now