အပိုင်း ( ၁၂၆) သူမရဲ့လက်ကိုချိုးပြီး အရွတ်ကိုဖြတ်ခဲ့တဲ့လား

966 98 2
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း ( ၁၂၆) သူမရဲ့လက်ကိုချိုးပြီး အရွတ်ကိုဖြတ်ခဲ့တဲ့လား

အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူတို့တွေ အရင် ဒီလို စွမ်းအားကြီးတဲ့မိန်းမမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ သူမ ရုပ်ရှင်တွေထဲကအတိုင်းပဲ။ အရမ်းမြန်လွန်းတာမှ မျက်စိတမှိတ်အတွင်း သူတို့ရှေ့ရောက်လာလိုက်၊ သူတို့နောက် ရောက်သွားလိုက်နဲ့ သူမရဲ့အဝတ်အစားကိုတောင် ထိလို့မရဘဲ တစ်ဖက်သတ်ချည်း အရိုက်ခံလိုက်ရတယ်။

ကုချင်းယွီက အသာအယာ ရယ်မောလိုက်ပြီး

“ ကျွန်မ ပိုက်ဆံယူရလိမ့်မယ်၊ စိတ်ထိခိုက်သွားလို့ လျော်ကြေးလို့ မှတ်လိုက်”

စိတ်ထိခိုက်သွားလို့ လျော်ကြေးတဲ့လား။ သူမ ဘာလျော်ကြေးမှမှ မလိုတာ။ အခုနေ လိုအပ်နေတာက သူတို့တွေရယ်ပါ ဟုတ်တယ်မလား။

လူဆိုးများသည် ဒေါသထွက်ရဲသော်လည်း ဘာတစ်ခွန်းမှ မပြောရဲကြပေ။

ကုချင်းယွီသည် ခြေထောက်အောက်က လူကို ထပ်ကန်လိုက်လေသည်။

“ သောက်ပါးစပ်ပိတ်ထား၊ ကျွန်မမှာ အချိန်အများကြီးမရှိဘူး၊ ဒီတော့ လိုရင်းကို ပြောကြမယ်၊ ရှင်တို့တွေ အရိုက်မခံချင်ရင် ဘယ်သူလွှတ်လိုက်တာလဲဆိုတာရယ် ဘာလုပ်ခိုင်းလိုက်တာလဲဆိုတာ ပြောပြ၊ အားလုံးပြောနော် မဟုတ်လို့ကတော့...”

သူမ ဘာမှ ထပ်မပြောတော့ဘဲ သူတို့ထဲကတစ်ယောက်ကို ခပ်ပြင်းပြင်း ကန်ပစ်လိုက်လေသည်။

အကန်ခံလိုက်ရသည့် လူဆိုး၏မျက်လုံးများ ပြူးကျယ်သွားကာ မူးနောက်သွားတော့သည်။ ဘယ်လို ကံဆိုးလို့ အပေါ်ဆုံးမှာ ရောက်နေရတာတုန်းဟ။ အများဆုံးအကန်ခံနေရတဲ့သူက သူဖြစ်နေပြီလေ။

ထပ်ပြီး အကန်မခံချင်တော့ပါဘူးဗျာ။ သူ အလျင်စလို ပြောလိုက်တော့သည်။

“ ကျွန်တော် ပြောပါမယ်၊ ကျွန်တော် ပြောပြပါမယ်”

“ ကောင်းပြီ ပြောတော့”

ကုချင်းယွီ သူ့ကို ကြည့်လိုက်၏။

“ ရှင် မဟုတ်တာတခုခု ပြောရဲလို့ကတော့ ရှင့်ကို သ-တ်မှာနော်”

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now