အပိုင်း ( ၂၉) တွမ့်ရှင်းယွမ် ရောက်လာပြီ

4.4K 341 0
                                        

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
အပိုင်း ( ၂၉) တွမ့်ရှင်းယွမ် ရောက်လာပြီ

“ ဟုတ်ပါတယ် ၊ မစ္စတာတွမ့်က မိန်းကလေးကုကို မြင်မြင်ချင်း ချစ်သွားပုံရတယ်၊ သူက သူမကို နှစ်တွေအကြာပြီး ပိုးပန်းခဲ့ပြီး ကုဝမ်ချန်နဲ့ အလုပ်စလုပ်ခဲ့တာ အဲဒီနောက်ပိုင်း နှစ်နှစ်လောက်နေတော့ မိန်းကလေးကုနဲ့ စေ့စပ်ဖို့ အောင်မြင်သွားခဲ့တယ်၊ ဒါပေမဲ့ ဒီကိစ္စမှာ သူက သူမကို တစ်ချက်ကလေးမှ ယုံတဲ့အရိပ်တောင်မပြခဲ့ဘူး၊ သူမ အရမ်းကို ခံစားသွားရတယ်လို့ ခန့်မှန်းလို့ရတယ်”

“အင်း”

မုရွှမ်ချင်သည် မျက်လွှာချလိုက်ပြီး

“ သွားတော့”

“ဟုတ်ကဲ့”

ချန်ရန် ထွက်သွားပြီးနောက် သူ့ကိုယ်သူ စဥ်းစားလိုက်မိလေသည်။

ကုချင်းယွီ...

စိတ်ဝင်စားစရာကောင်းလိုက်တဲ့ မိန်းမပဲ။ သူ့ကို ထပ်တွေ့ရဖို့ စောင့်တောင် မစောင့်နိုင်တော့ဘူး။

တစ်ဖက်တွင် တွမ့်ရှင်းယွီသည် နာရီအနည်းငယ်ကြာပြီးနောက် ကုမိသားစုအိမ်တော်သို့ ရောက်လာလေသည်။ အိမ်ဖော်များသည် သူရောက်လာသည်ကို သိပြီးဖြစ်ရာ သူ့ကားသည် ကုမိသားစုခြံဝင်းထဲသို့ တန်းမောင်းဝင်လာလိုက်သည်။ ကုဝမ်ချန်သည် သူ့ကို လက်ဖက်ရည်နှင့် ကိုယ်တိုင် ဧည့်ခံသော်လည်း ကုချင်းယွီကို အောက်ထပ်သို့ ဆင်းလာခိုင်းရန် စိတ်ကူးမရှိခဲ့ချေ။

“အန်ကယ်ကု ချင်းယွီကော”

တွမ့်ရှင်းယွမ်သည် အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာတော့သည်။ သူသည် ကုဝမ်ချန်ကို ဘယ်တုန်းကမှ အလေးမထားခဲ့ချေ။ သူသည် သူ့အကြိုက် သမီးတစ်ယောက်ကိုသာ မွေးထားခဲ့လျှင် ကုဝမ်ချန်လိုလူမျိုးသည် သူနှင့် စကားပြောဖို့ အခွင့်အရေး ဘယ်တော့မှ ရလိမ့်မည်မဟုတ်ချေ။ နောက်ဆုံးသူသည် သည်နေရာက အချမ်းသားဆုံလူဖြစ်သော်လည်း Sမြို့သည် ပထမတန်းစားမြို့တစ်ခု မဟုတ်ပေ။ ထို့အပြင် သူ့ချမ်းသာမှုသည် တွမ့်မိသားစု အသိအမှတ်ပြုခံရလောက်အောင် မရှိချေ။

အကြီးဆုံးမမလေးက မူမမှန်Où les histoires vivent. Découvrez maintenant