အပိုင်း (၁၀၃) သူမက လုံးဝ တခြားလူတစ်ယောက်လိုပဲတဲ့

1K 124 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၀၃) သူမက လုံးဝ တခြားလူတစ်ယောက်လိုပဲတဲ့

သို့မှသာ တွမ့်ရှင်းယွမ်သည် သူမကို မုန်းနိုင်မည့် မှန်ကန်သည့်အကြောင်းပြချက်တစ်ခု ရှိမှာဖြစ်ပြီး တခြားမိန်းမနှင့် စေ့စပ်လိုက်ရသည့်အတွက် စိတ်ဖြေသိမ့်နိုင်မည် မဟုတ်ပါလား။

“ ဒါက ရှင့်ကို စိတ်ချမ်းသာစေတယ်ဆိုလည်း ရှင် အဲလိုယုံလိုက်လို့ရပါတယ်”

သူနှင့် ဆက်မပြောချင်တော့သဖြင့် တွေဝေမနေဘဲ ဖုန်းချလိုက်တော့သည်။

တစ်ဖက်တွင်တော့ တွမ့်ရှင်းယွမ်သည် ကုချင်းယွီ ဖုန်းချသွားမည်ဟု မထင်ထားခဲ့ချေ။ သူသည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီသွားတော့သည်။ ထို့နောက် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ကုချင်းယွီကို ဖုန်းထပ်ခေါ်လိုက်ရာ blacklistထဲ ထည့်ခံလိုက်ရသည်ကို သိလိုက်ရတော့သည်။

တွမ့်ရှင်းယွမ်သည် ‘ဝုန်း’ခနဲ ဖုန်းကို အကြမ်းပတမ်း ပစ်ချလိုက်ရာ ဖုန်းမှာ မြေကြီးနှင့် သွားရိုက်မိတော့သည်။ စခရင်သည် ပင့်ကူအိမ်သဖွယ် ကွဲသွားတော့သည်။

ကုချင်းယွီ... ပြောင်းလဲသွားတယ်။

သူမ အရင်လို မဟုတ်တော့ဘူး။ အရင်ကဆို သူမက အရမ်းရိုးရှင်း ချိုသာပြီး နားလည်ပေးတတ်တာပါ။ သူ့ဆုံးဖြတ်ချက်တွေက စိတ်ကျေနပ်စရာ မကောင်းရင်တောင် သူမက မကျေနပ်လည်း နားလည်ပေးဖို့ ကြိုးစားခဲ့တာချည်းပဲ။ ဒါပေမဲ့အခုတော့ သူမက လုံးဝကို တခြားတစ်ယောက်လိုဖြစ်သွားတာပဲ။

သူမသာ အရင်က ကုချင်းယွီဆိုရင် သူမကို သူလက်မထပ်ရင်တောင် သူ့မှာ ဖိအားတွေအများကြီး ရှိလို့ဆိုပြီး သူ့ကို အပြစ်တင်မှာ မဟုတ်ဘူး။ သူမ သူ့ကို လွယ်လွယ်နဲ့ လက်လျှော့လိုက်မှာမဟုတ်ဘူး။ သူမ သူ့ကိုတောင် စောင့်နေလိမ့်အုံးမှာ.....

ဒါပေမဲ့ အခုတော့ သူမက တခြားယောက်ျားတစ်ယောက်နဲ့တောင် ပတ်သက်နေလိုက်သေးတယ်တဲ့။

အဲဒီနေ့က သူမ ဆရာနဲ့ ချန်ရန်ရဲ့ ကားထဲ ဝင်သွားတာကို မြင်လိုက်တော့ ချန်ရန်နဲ့မဟုတ်ရင် ဆရာနဲ့ ပတ်သက်နေမလားလို့ နည်းနည်း သံသယဖြစ်ခဲ့သေးတယ်...

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now