အပိုင်း (၁၄၉) ဆရာနဲ့ သူမအကြောင်း ကောလာဟလတွေက လုံးဝမှားနေတယ်

620 79 0
                                    

အပိုင်း (၁၄၉) ဆရာနဲ့ သူမအကြောင်း ကောလာဟလတွေက လုံးဝမှားနေတယ်

သို့သော်ငြား ကုချင်းယွီ၏ပုံများက စိတ်မချမ်းသာစရာကောင်းလေလေ မုအိုက် ဘဝင်ခိုက်လေလေပင်။

ဒီတော့ကာ တွမ့်ရှင်းယွမ်ရဲ့စိတ်ထဲမှာ သူမ ရှိနေတော့ ဘာဖြစ်သေးလဲ။  သူမက ဆရာပိုင်ရဲ့ နောက်ဆုံးတပည့်အရင်း ဖြစ်လာတော့ရော ဘာအရေးလဲ။ သူမက ဒီလိုပြဿနာထဲမှာ တဝဲလည်လည် ဖြစ်နေပြီး ဒီလိုအဆင့်နဲ့ယောက်ျားတွေနဲ့ပဲ ချိန်းတွေ့နိုင်တာပဲ...

ကုချင်းယွီသည် အလွန်မှသနားစဖွယ်အခြေအနေ ခံစားနေရသည်ဟု တွေးမိရင်း မုအိုက် အလွန်ပျော်နေတော့သည်။ သူမ ကိုယ့်ဟာကို ပြန်တွေးလိုက်သေး၏။ သူမနှင့် ဆရာတို့၏ ကောလာဟလများမှာ အတုအယောင်များ ဖြစ်နိုင်သည်ဟူ၍။

သူမက ဆရာနဲ့ တကယ်ပဲ တစ်ခုခုပတ်သက်နေရင် ကုဝမ်ချန်သည် ဒီလိုသိက္ခာအကျခံပြီး သူမကို ဒီလိုပွဲဆီ ဘယ်ခေါ်လာပါ့မလဲ။ ဆရာကရော သူ့ချစ်သူ တခြားယောက်ျားတွေ အနားကပ်ခွင့် ဘာလို့ပေးမှာလဲ။

သဘောက သူမနဲ့ဆရာရဲ့သတင်းက လုံးဝအတုဖြစ်နေလို့ပဲနေမှာ။

ဒါက အမှန်မဟုတ်ဘူးဆိုမှတော့ သူမရဲ့ဦးကြီးနဲ့ အဖေနဲ့ကလည်း သူမနဲ့အမေ ကုချင်းယွီကို ဘာလုပ်လုပ် တားမှာ မဟုတ်တော့ဘူးလေ ဟုတ်တယ်မလား။ ဟုတ်ပြီ။ ဒီနေ့ သူမရဲ့အဖေက သူမကို တခြားယောကျ်ားတွေနဲ့ တွေ့ပေးဖို့ ခေါ်သွားတာ သူတို့သိသွားရင် သူတို့ မှားသွားတာ သိလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆရာက ဒီလိုမိန်းမကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ။

မုအိုက်သည် သူမ၏လက် ထိခိုက်မိသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အလွန်ပျော်ရွှင်လာပြီး သည်နေ့ညကိုပင် အလွန်မျှော်လင့်ထားခဲ့လေသည်။

သူမ တွမ့်ရှင်းယွမ်လို ချောမောတဲ့ယောက်ျားတစ်ယောက်နဲ ဖြတ်သန်းရတော့မှာလေ။ ဒါပေမဲ့ ကုချင်းယွီကျတော့ရော။ သူမက ဝမ်းနည်းစရာအဖြစ်ထဲမှ နစ်မွန်းနေဖို့ပဲ ရှိတာပေါ့။ ပျော်စရာကောင်းလိုက်တာ...

ထိုခံစားချက်များ ပျံ့လွင့်ရင်း မုအိုက်သည် သန့်စင်ခန်းတံခါးကို တွန်းဖွင့်လိုက်၏။ သူမနှင့် စောစောက ကျီစယ်ပြီး သူမထွက်အလာကို စောင့်နေမည်ဟု ပြောခဲ့သည့် တွမ့်ရှင်းယွမ်က သူမ၏တည်ရှိမှုကို လုံးဝမေ့လျော့သွားသည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now