အပိုင်း ( ၃၃) သူ့ကို တကယ်ချစ်တာပါ

2K 235 0
                                    

အပိုင်း ( ၃၃) သူ့ကို တကယ်ချစ်တာပါ

လင်းဟန်ကျောက်သည် သက်ပြင်းချက်လိုက်၏။

“ ရှန်ချန်းက ငါ့ကို blacklistထဲ ထည့်လိုက်ပြီလေ၊ ငါ့ ဆွေမျိုးတွေအားလုံးနဲ့ သူငယ်ချင်းတွေကလည်း ငါ့ကို လှောင်ပြောင်နေကြတယ်၊  ငါ့အမေကတောင် ငါ့ကို ရှက်စရာတစ်ခုလို့ တွေးနေတာ... အခုဆို အပြင်ထွက်ရင် နေကာမျက်နှာဝတ်ထားရတယ်၊ ငါ့ကို မှတ်မိသွားရင် ဆဲခံမှာမလို့လေ...”

သူမပြောနေသည့်အရာများသည့် သူမ၏အမှန်တကယ်အခြေအနေ ဖြစ်သော်လည်း သူမသည် အခုတော့ ဝင်ငွေတစ်ခုရှိလာပြီးဖြစ်ပြီး သည်အရာများက လုံးဝအရေးမကြီးတော့ကြောင်းကိုတော့ မပြောလိုက်ချေ။

ကုချင်းချန်သည် မျက်လုံးကို အောက်ချထားပြီး

“အဲလိုဆိုရင်... နင် နိုင်ငံခြားသွားဖို့ရော စဥ်းစားဖူးလား”

“နိုင်ငံခြားကို ဟုတ်လား”

လင်းဟန်ကျောက်၏မျက်လုံးများ ဖျတ်ခနဲလက်သွားတော့သည်။

“ အင်း.. ငါ့အဖေမှာ တောင်အာဖရိကမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူ့မိသားစုက အရမ်းချမ်းသာတာ ပြီးတော့ သူ့မှာ စိန်တွင်းလုပ်ငန်းလဲရှိတယ်...သူက ပြီးခဲ့တဲ့နှစ်တွေတုန်းကမှ ကွာရှင်းထားတာ ပြီးတော့ ကလေးလဲမရှိဘူး...”

ကုချင်းချန်သည် သွေးတိုးစမ်းကာ ပြောလိုက်လေသည်။

“တစ်ယောက်ယောက်က သူ့အတွက် ကလေးမွေးပေးနိုင်ရင် ကလေးကြောင့် အမေက လူချမ်းသာတစ်ယောက် ဖြစ်လာလိမ့်မယ်၊ ငါကြားတာတော့ သူ့မယားဟောင်းက ကွာရှင်းတုန်းက စိန်တွင်းတစ်ခုရသွားတယ်တဲ့... အခုဆို သူမက ကျောက်မျက်ရတနာလုပ်ငန်းထဲမှာလေ၊ အသားလေးနည်းနည်း အပွန်းခံလိုက်ပြီး သူမကိုယ်သူမ ချမ်းသာတဲ့မိန်းမဖြစ်အောင်လုပ်ခဲ့တာ”

လင်းဟန်ကျောက်သည် သူမပြောချင်သည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

ကုချင်းယွီ ပြောခဲ့သလို တကယ်ဖြစ်လာတာပဲ။ ကုချင်းချန်က သူမကို တောင်အာဖရိကကလူနဲ့ သူမကိုယ်စား လက်ထပ်စေချင်ခဲ့တာပဲ....

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now