အပိုင်း (၁၂၈) ကျွန်မအကြောင်းစဥ်းစားဖို့ သတိရပါ

815 86 0
                                    

အပိုင်း (၁၂၈) ကျွန်မအကြောင်းစဥ်းစားဖို့ သတိရပါ

ငါလေးလည်း အဆင်ပြေပြေသွားလာလို့ရအောင် ကားတစ်စီးလောက် ဝယ်ဖို့ အချိန်ကျပြီမလား။

ဒါပေမဲ့ ဖေးဖေးနဲ့ဆိုရင် အများကြီးပိုအဆင်ပြေမှာပဲ။ တစ်ခုပဲ ဖေးဖေးက ကမ္ဘာပေါ်မှာဆိုရင် အရမ်းကို အဆင့်မြင့်တဲ့ပုံရိပ်တစ်ခု ဖြစ်နေတော့ သူ့ကို ထုတ်ပြလိုက်တာနဲ့ ငါလေး အဖမ်းခံရလိမ့်မယ်....

ဟင်းနော်။  ဒါပေမဲ့ သူ့ကို ကမ္ဘာပေါ်က သာမန်ကားတစ်စီးပုံစံ ပြောင်းလိုက်နိုင်ရင်တော့ အဆင်ပြေတန်ကောင်းပါရဲ့။

ဒါပေမဲ့ အရေးအကြီးဆုံးက...

ကားမမောင်းတတ်သေးဘူး။

ကမ္ဘာပေါ်က ကားတွေကိုမောင်းတာက တကယ်တော့ အဲလောက်မခက်ပါဘူး။ ငါလေးမှာ ယာဥ်မောင်းလိုင်စင် မရှိတာ တစ်ခုပဲ။

မူလခန္ဓာကိုယ်ပိုင်ရှင်က အရွယ်ရောက်တာ နှစ်နှစ်လောက်ရှိပြီဆိုပေမဲ့ ကုမိသားစုရဲ့ သခင်မလေးတစ်ယောက် အနေနဲ့ သူမနဲ့ ကုချင်းချန်က အိမ်ကဒရိုင်ဘာကို ခေါ်သွားတာဖြစ်ဖြစ်၊ တခြားယောက်ျားတွေကို လာကြိုခိုင်းတာဖြစ်ဖြစ် လုပ်လို့ရတယ်လေ။ ပြီးတော့ အဲတုန်းက သူမမှ တွမ့်ရှင်းယွမ်လည်း ရှိနေတာဆိုတော့ ကိုယ်တိုင် ကားမောင်းသင်စရာမလိုဘူးပေါ့။ ဒါပေမဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်က ကားမောင်းသင်ချင်ခဲ့ပုံပါပဲ။ ဒါပေမဲ့ ကျောင်းဖွင့်ရက်တွေမှာ ကျောင်းတက်နေရပြီး တွမ့်ရှင်းယွမ်က အလုပ်လုပ်နေရတော့ သူတို့မှာ ဒိတ်လုပ်တဲ့အချိန်တောင် သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ တွမ့်ရှင်းယွမ်က သူမကို ကားမောင်းသင်ဖို့ကို ပိတ်ရက်လေးမှာ အတူတူရှိတဲ့အချိန် နည်းလို့ အကြောင်းတစ်ခုနဲ့ တားမြစ်လေတော့  ကားမောင်းမသင်ခဲ့လိုက်တော့ဘူး။

ဒါထက် သူမက လွယ်လွယ်နဲ့ နေလောင်တတ်သေးတယ်။ နောက်ပိုင်းကျတော့လည်း ကားမောင်းသင်ဖို့ လိုမှာ မဟုတ်ဘူးလေ။

တွမ့်မိသားစုရဲ့ သခင်မလေးဖြစ်လာရင် ကိုယ်တိုင်ကားမောင်းစရာ ဘာလို့လိုတော့မှာလဲ။

မူလခန္ဓာကိုယ်ပိုင်ရှင်က တွမ့်ရှင်းယွမ် ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်လိုက်တယ်လေ။ ဒီတော့ တကယ်ပဲ ကားမောင်းမသင်တော့ဘဲ တွမ့်ရှင်းယွမ်အတွက်ပဲ အချိန်ကုန်ခဲ့တော့တာပေါ့။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now