အပိုင်း ( ၆၃) ချစ်သူလုဖက်တွေ လာဆုံနေကြတာလား

1.7K 214 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki
63
အပိုင်း ( ၆၃) ချစ်သူလုဖက်တွေ လာဆုံနေကြတာလား

ဆွန်းချိုင်ယွိသည် စိတ်ပျက်သည်ထက် ပိုနေ၏။ သူမကိုယ်သူမ အကောင်းဆုံး အခွင့်အရေး ပိုင်ဆိုင်ထားသူဟု မှတ်ယူထားပြီး သူမသည် နောက်ဆုံးတစ်ယောက်ဖြစ်နေသ၍ သူမသည် မစ္စတွမ့် ဖြစ်လာသ၍ အရင်က တွမ့်ရှင်းယွမ် မည်သူနှင့်တွဲနေသည်ဖြစ်စေ ဂရုမစိုက်ခဲ့ချေ။

သို့သော် တွမ့်မိသားစူသည် လူ့အသိုင်းအဝိုင်းတူသည့် မိသားစုတစ်ခုနှင့် လက်ဆက်ရန် ဂရုမစိုက်ဘဲ မြို့ငယ်လေးက မိသားစုလေးတစ်ခုကို လက်ခံခဲ့သည်တဲ့....

သူမသည် စိတ်ပျက်သွားသော်လည်း မျက်နှာပေါ်တွင် ဘာတစ်ခုမှ မဖော်ပြရဲခဲ့ပေ။

ကုချင်းယွီ၏ ဗီဒီယိုထွက်လာပြီး၊ သူမ၏အရှုပ်တော်ပုံက သတင်းကြီးဖြစ်လာပြီး နောက်ဆုံးတွင် ဆွန်းချိုင်ယွိသည် အခွင့်အရေး ပြန်ရခဲ့လေသည်။

အဘိုးတွမ့်သည် အမှန်ပင် ဒေါသထွက်သွားပြီး ကုချင်းယွီကို မြေးချွေးမအဖြစ် လက်မခံတော့ချေ။ သူမ၏အဘိုးသည်လည်း အဘိုးတွမ့်နှင့် သူငယ်ချင်းများဖြစ်နေရာ အဘိုးတွမ့်၏ စိတ်ကူးများကို ခန့်မှန်းချက်ထုတ်ပြီး သူ့ကို တချို့အရာများ အရိပ်အမြွက် ပြောခဲ့ပြီးနောက် ချက်ချင်းအောင်မြင်သွားခဲ့သည်။ အဘိုးတွမ့်သည် သူမနှင့် တွမ့်ရှင်းယွမ်အတွက် ဘလိုင်းဒိတ်တစ်ခု ခပ်မြန်မြန် စီစဥ်ပေးခဲ့လေသည်။

တွမ့်ရှင်းယွမ်နှင့် တွေ့ဆုံရခြင်းသည် ပြီးခဲ့သည့်နှစ်များက သူမ စိတ်ကူးထားသလို စိတ်ကူးယဥ်ဆန်ရသည်က အမှန်။ သူသည် အလွန်ချောမော ရည်မွန် ပြီး သူမ၏အိပ်မက်တွေထဲမှ ထွက်လာသည့် ဆွဲဆောင်မှုအပြည့်နှင့် မင်းသားလေးဖြစ်လေသည်။

ဆွန်းချိုင်ယွိသည် သူ့ကို နောက်ဆုံးအချိန်အထိ စောင့်ခဲ့ရခြင်းအတွက် ပြောမပြတတ်အောင် ပျော်ရွှင်ခဲ့ရသည်။

သို့သော် မျှော်လင့်မထားသည်က ကုချင်းယွီ၏ထိုဗီဒီယိုသည် အတုဖြစ်နေလေသည်။ သူမသည် ထိုအကြောင်းကို သိလိုက်ရချိန်၌ နှလုံးသားမှာ အေးစက်သွားတော့သည်။ တွမ့်ရှင်းယွမ်က သူမကို စွန့်ခွာမသွားစေလိုရာ သူမသည် ထိုဗီဒီယိုကို အစစ်အမှန် ဖြစ်စေချင်မိတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now