အပိုင်း (၁၇၂) သုံးရက်ထဲတဲ့လား

397 50 0
                                    

စာစဉ်နာမည်- အကြီးဆုံးမမလေးက မူမမှန်
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၇၂) သုံးရက်ထဲတဲ့လား

[The Summit] သည် အထူးပြုလုပ်ချက် အများအပြားလိုသည့် သိပ္ပံစိတ်ကူးယဥ် ရုပ်ရှင်တစ်ခု ဖြစ်ပြီး ရုပ်ရှင်တွင် နာမည်အကြီးဆုံး ရုပ်ရှင်သရုပ်ဆောင်များဖြင့် ရိုက်ကူးထားပြီး ဇာတ်ညွှန်းကိုလည်း  ဇာတ်ညွှန်းဆုများစွာ ရထားသည့် စစ်ပြန်ဇာတ်ညွှန်းရေးဆရာတစ်ယောက်က ရေးသားပေးထားလေသည်။ ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ရာ  LILAသည် ထိုရုပ်ရှင်ကို အများကြီးမျှော်လင့်ထားမှန်း သိနိုင်လေသည်။ သူတို့က ရုပ်ရှင်ကို လာမည့်အမျိုးသားနေ့တွင် ရုံတင်နိုင်ရန် မျှော်မှန်းထားပြီး သည်ကာလအတွင်း သင့်တော်သည့် အထူးပြုလုပ်ချက်ကုမ္ပဏီကိ ရွေးချယ်နေလေသည်။

မူလက LILAသည် ဟောလီးဝုဒ်က အတွေ့အကြုံရင့် အထူးပြုလုပ်ချက်အဖွင့်တစ်ခုကို ငွေအများကြီး သုံးကာ ငှားရမ်းရန် ဆုံးဖြတ်ထားခဲ့သော်လည်း ဟောလီးဝုဒ်မှ အထူးပြုလုပ်ချက်အဖွဲ့က အလွန်စျေးကြီးလေသည်။ သူတို့သည် ၁စက္ကန့် ကုန်ကျစားရိတ်ကို တွက်ကြည့်ရာ ပျှမ်းမျှတစ်စက္ကန့်လျှင် ဒေါ်လာထောင်ချီ ကုန်ကျနေသည်။ ဒါသည် သာမန်ကုမ္ပဏီတသ်ခုက တတ်နိုင်သည့် ပမာဏမဟုတ်ချေ။ LILAလို ရုပ်ရှင်နှင့်တီဗီ ကုမ္ပဏီတစ်ခုပင် ဟောလီးဝုဒ်က အထူးပြုလုပ်ချက်အဖွဲ့တစ်ခုကို ငှားဖို့ စဥ်းစားရာတွင် အံတင်းကာ ကျိတ်မှိတ်ထားရသည်။

ထို့အပြင် {The Summit]က အနည်းဆုံး ဆယ်မိနစ်စာ အထူးပြုလုပ်ချက်များစွာနှင့် စခရင်ကြီးများ လိုအပ်လေရာ ရုပ်ရှင်၏အထူးပြုလုပ်ချက်ကုန်ကျစားရိတ်က သန်းတစ်ရာနီးပါး ကျမည်မှာပုံမှန်ပင်...

ဒါသည် ကြီးမားသည့်ငွေပမဏပင်။

ရုပ်ရှင်က မအောင်မြင်ဖြစ်ပြီး ရုံတင်ဝင်ငွေက ထင်ထားသလောက် မကောင်းခဲ့လျှင် သူတို့သည် ငွေအများအပြား ဆုံးရှုံးရလိမ့်မည်။

ထို့ကြောင့် သည်တစ်ကြိမ်တွင် သူတို့သည် အလွန်နာမည်ကြီးသည့် အထူးပြုလုပ်ချက်အဖွဲ့ကို သေသေချာချာသတိဖြင့် ရွေးချယ်ခဲ့ကြသော်လည်း တစ်ဖက်လူ၏စျေးနှုန်းက အလွန်များနေသဖြင့် စျေးဆစ်ရင်း အငြင်းပွားနေရလေသည်။ သို့သော် တစ်ဖက်က သူတို့၏စျေးကို လုံးဝမလျှော့နိုင်ပါဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။  LILA က သူတို့ညှိနှိုင်းမှု လမ်းဆုံးရောက်ပြီမှန်း စိတ်ထဲတွင သိနေသဖြင့် စိတ်ဓာတ်ကျနေကြတော့သည်။

အကြီးဆုံးမမလေးက မူမမှန်Where stories live. Discover now